Sagaing News

Sagaing News

ငလျင်ဘေးဒဏ်သင့်နေချိန် စစ်တပ်က အင်းတော်မြို့မဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု ဘုန်းကြီးမီးလောင်ပြာကျ မြင်ကွင်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

ပြည်သူများ ငလျင်ဘေးဒဏ်သင့်ခံစားနေရချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အင်အားတော်မြို့မ ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားတဲ့အကြောင်း Indaw Revolution – IR က ထုတ်ပြန်ထားပါတယ်။

 

ဧပြီလ ၁ ရက် မွန်းတည့် ၁၂ နာရီကနေ ၁ နာရီအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မိတ္ထီလာလေ တပ်က်နေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ အင်တော်မြို့မဘုန်းကြီးကျောင်းတည့်တည့်ကို ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

 

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက်ကြောင့် အင်းတော်မြို့က မြို့မဘုန်းကြီးကျောင်းတစ် ခုလုံးနဲ့ ဆမ်းစားဆောင်၊ဓမ္မာရုံတို့ မီးလောင်ခဲ့ပြီး ရပ်တော်မူရုပ်ပွားတော်၊ မြို့တော်ခန်းမ၊ ဓမ္မမဏ္ဍိုင် ဘုန်းကြီးကျောင်းတို့ပျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီဘုန်းကြီးကျောင်းထဲ စစ်ကောင်စီနဲ့အတူ နေကြတဲ့ အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

စစ်ကောင်စီတပ်ဟာ မြို့ပေါ် ပြည်သူတွေ ငလျင်ဒဏ် အလူးအလဲ ခံနေရချိန် ကူညီကယ်ဆယ်ရာမှာ ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးတွေ မလုပ်ပေးဘဲ အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကိုသာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပါတယ်။

 

ငလျင်ဘေးအတွင်း စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ပြည်သူတွေအပေါ် စေတနာမရှိခြင်း၊ အချိန်မှီ ကူညီ‌ကယ်‌ဆယ်ရေးတွေ မလုပ်နိုင်ခြင်းကြောင့်လည်း မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေ အများကြီးရှိ နေ တာကိုလည်း မြင်တွေ့ရပါတယ်။

 

ဒါ့ကြောင့် ပြည်သူများအနေနဲ့ကတော့ နိုင်ငံကြီး တိုးတက်ပြီး ကောင်းမွန်တဲ့စနစ်ရှိဖို့အတွက် စစ် အာ ဏာရှင်ကို တော်လှန်ခြင်းမှ တပါးမရှိတော့ပါဘူး။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...