Sagaing News

Sagaing News

ငလျင်ဒဏ်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်ပြိုကျပြီး နာယက ဆရာတော် ၃ ပါး အပါအဝင် သီလရှင် ၆ ပါး၊ အဆုတ်အထူးကု ဆရာဝန်မကြီး ဒေါက်တာသန္တာသွင် အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးတို့ သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

မြေငလျင်လှုတ်ခတ်မှုအတွင်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ နန်ဦးမြို့သစ် ၊ ဆွမ်းဦးပုညရှင်ဘုရား အနီးရှိ သကျဓီတာ သီလရှင်စာသင်တိုက်ပြိုကျခဲ့ရာ နာယက ဆရာတော် ၃ ပါး အပါအဝင် သီလရှင် ၆ ပါး၊ အဆုတ်အထူးကု ဆရာဝန်မကြီး ဒေါက်တာသန္တာသွင် အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးတို့ သေဆုံးခဲ့ ကြောင်း သကျဓီတာသီလရှင်စာသင်တိုက် ၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က စစ်ကိုင်းမြို့အနီးဗဟိုပြု၍ ၇ ဒသမ ၇ မဂ္ဂနိကျူ့ စကေးရှိ အင်အားအလွန်ပြင်းထန်သော မြေလျင်လှုပ်ခဲ့ရာ ယင်းမြေငလျင်ကြောင့် စစ်ကိုင်းမြို့၊ နန်း ဦးမြို့သစ်၊ ဆွမ်းဦးပုညရှင်ဘုရားအနီးရှိ သကျဓီတာ သီလရှင်စာသင်တိုက်လည်း ပြိုကျခဲ့ပြီး စာသင် တိုက်အတွင်းနေ ပဓာနနာယကဆရာကြီးဘုရား ၁ ပါး ၊ အကျိုးဆောင်နာယကစာချဆရာ ၂ ပါး စာ သင်သား ဆရာလေး ၃ ပါး နှင့် ကျောင်းအစ်မအလှူရှင် ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

“ဥပုသ်နေ့တိုင်းကို ဆရာမကြီးက အပတ်တိုင်းလာပြီး ဆရာလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးတာ၊ အဲဒီနေ့ကလည်း ဥပုသ်နေ့ဖြစ်နေတော့ ဆရာမက ကျောင်းရောက်နေတာပေါ၊ တိုက်အုပ် ပဓာန နာယက ဖွားဖွားကြီး တစ်ပါးရယ်၊ စာချ နာယက ဆရာ ၂ ပါး၊ စာသင်သားဆရားလေးက ၃ ပါး၊ ဒကာမကတော့ ဆရာမကြီး အပါအဝင် ၃ ယောက်ပေါ့။ ပျက်စီးသွားတဲ့ကျောင်းကတော့ ရှင်း လင်းလို့ ပြီးတော့ မပြီးသေး ဘူး ။ ရှင်းလင်းနေတုန်းပဲရှိသေး တယ်။ ရုပ်အလောင်း အကုန်လုံးက တော့ ထုတ် ပြီးပါပြီ။ သင်္ဂြိုလ်တာ တွေလုပ်ပြီးပြီ။ ဖော်လို့ရတဲ့နေ့က ချက်ချင်းသင်္ဂြိုလ်လိုက်ကြ တယ်” ဟု သကျဓီတာ သီလရှင်စာသင် တိုက်မှ ဆရာလေးမဝံသက မိန့်ကြားသည်။

သေဆုံးသူ လူပုဂ္ဂိုလ် ၃ ဦးတွင် အဆုတ်အထူးကု ဆရာဝန်မကြီး ဒေါက်တာ သန္တာသွင်ပါဝင်ပြီး ၎င်း သည် အပတ်စဉ် စနေနေ့တိုင်း သူမနေထိုင်ရာ မန္တလေးမြို့မှ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ သကျဓီ တာ သီလရှင်စာသင်တိုက်သို့သွားကာ စာသင် သား သီလရှင် ၃၀၀ ကျော် တို့အား ကုသိုလ်ဖြစ် ဆေးကု သခြင်းကို နှစ်ပေါင်းမြောက်မြားစွာ ပျက်ကွက်မှုမရှိ ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

ငလျင်လှုပ်ခတ်သည့်နေ့က သကျဓီတာကျောင်း ဆေးခန်း၌ မကျန်းမာသူ ဆရာလေးများအား ဆေး ကုသနေစဉ် ငလျင်ကြီးလှုပ်ကာ ကျောင်းပြို၍ ဆရာဝန်မကြီးနှင့် ကျောင်းဒါယိကာမ ဖြစ်သူ ဆရာဝန် မကြီး၏ ညီမတဝမ်းကွဲတို့သည် ဆရာလေးတချို့နှင့်အတူ ကွယ်လွန်ခဲ့ကြရကြောင်း၊ ယင်းအဖြစ်ကို မျက်မြင်တွေ့ရသော တိုက်အုပ်သီလရှင်ဆရာကြီးလည်း အလွန်စိတ်ထိခိုက်သဖြင့် ရုတ်တရက် နှလုံး ရပ်ကာ ထိုနေရာ၌ပင် ချက်ခြင်းကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တိုက်အုပ်နာယကဆရာကြီးဘုရား ဒေါ်ပဝနထေရီနှင့် ဒေါ်ကုသလဝတီ ၂ ပါး လည်း ဒဏ် ရာ ပြင်းထန်စွာရရှိခဲ့ပြီး ယခုအခါ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိတော့ပဲ ဆေးဝါးကုသမှု ဆက် လက်ခံယူနေရဆဲဖြစ်ကြောင်း၊ ကျန်ရှိဆရာလေးများအားလုံး ဘေးအန္တရာယ် ကင်းရှင်းလုံခြုံ ကြောင်း သကျဓီတာသီလရှင်စာသင်တိုက် ၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့က အသိပေးထားသည်။

 

ငလျင်ဒဏ်ကြောင့် ဇမ္ဗူဒီပစာကြည့်တိုက် နှင့် ခိုင်ယဉ်နာယကစံကျောင်းဆောင် ၂ ဆောင် လုံးဝ ပြို ကျပျက်စီးပြီး ဘုရား ၂ ဆူနှင့် ကျန်ကျောင်းဆောင် ၈ ဆောင် အက်ကွဲပျက်စီး၍ ပြန်လည် နေထိုင် ပါက အန္တရာယ်ရှိသော အနေအထားဖြစ်ကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေးအတွက် ဖွဲ့စည်း ပုံ များပုံမှန်ပြန်လည်လည်ပတ်နိုင်ရန် ကျေးဇူးတော်ရှင်ဆရာ‌တော်ဘုရားကြီးများ၏ အကြံပြုလမ်း ညွှန်မှု၊ အားပေးစောင့်ရှောက်မှုများနှင့် ပြည်တွင်းပြည်ပ စေတနာရှင်များနှင့် ဌာနဆိုင်ရာ အသီးသီး တို့ ၏ ဝိုင်းဝန်းအားပေးကူညီဖြည့်ဆည်းမှုများ ၊ ပံ့ပိုးမှုများဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိ‌ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...