Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးစခန်းကို တိုက်ခိုက်မှု ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲထံမှ သိရ သည်။

 

ဩဂုတ်လ ၂၈ ရက်နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီစခန်းကို ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့အထိ ကြာ မြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်စခန်းတစ်သာ သိမ်းပိုက်ရန် ကျန်ရှိနေချိန် စစ်ကောင်စီလေတပ်၏ လေကြောင်းပစ်ကူပေးတိုက်ခိုက်မှု၊ မုံရွာ-မန္တလေးလမ်းမပေါ် ရှိ စွမ်းရည်ထက်ဆီဆိုင် အထိုင်စခန်းမှ လက်နက်ကြီးဖြင့် တရစပ်ပစ်ကူပေး တိုက်ခိုက်မှုတို့ကြောင့် ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“၂၈ နေ့ မနက် ၄ နာရီဝန်းကျင်လောက်ကနေ ထိုးစစ်စတာပါ။ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၃ ရက် ကြာခဲ့ပါတယ်။ ရန်သူ့နောက်ဆုံးစခန်းကိုတော့ မသိမ်းနိုင်ခဲ့ပါဘူး။ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲ ထားတဲ့ စကစ တပ်ကနေ လက်နက်ကြီး ပစ်ကူတွေ တရစပ် ပစ်ပေးနေတာရယ်၊ လေ ကြောင်းက နေ ဆက်တိုက် ဗုံးကျဲနေတာတွေရယ်နဲ့ အခြားအနေတွေကြောင့် နောက်ဆုံစခန်းရခါနီး မှ ကျနော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nga Moe Yeik Column နှင့်မဟာမိတ်တပ်ပေါင်းစုတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...