Sagaing News

Sagaing News

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်စခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်စခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အ ဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် ည ၇ နာရီ ၁၂ မိနစ်က ဒီပဲယင်းမြို့ ကုန်းသာဦးနှင့် အထက ကျောင်း အ တွင် ၌ တပ်စွဲနေထိုင်ကြသော စစ်သား ၊ ရဲ ၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ပစ်မှတ်ကိုတော့ ထိတယ်၊ ၂ လုံးစလုံးအောင်အောင်မြင်မြင်ပါပဲ၊ နောက်ဆက်တွဲ သေဆုံးထိခိုက် ပျက်စီးမှုကတော့ စုံစမ်းနေဆဲပါ။ ပစ်ပြီးပြီးချင်း လက်နက်ငယ်တွေတော့ ပြန်ပစ်တာရှိတယ်။ စခ အင်အားကတော့ များသေးတယ်၊ အရင်က ကျနော်တို့ စခန်းသိမ်းပြီးတော့ ရဟတ်ယာဉ် ၂ စီး လာချ သွားတာရယ်၊ လက်ကျန်အင်အားရယ်ဆိုတော့ အင်အား ၁၀၀ ကျော်လောက်တော့ ရှိမယ်။” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့် ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...