Sagaing News

Sagaing News

တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ ဦး ထက် မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်လက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်လက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ ခဲ့ကြောင်း အမှတ် ၅၂ ဗျူဟာ ၊ ပေါ်ဦးစစ်ကြောင်းက ထုတ်ပြန်သည်။

 

မတ်လ ၄ ရက်နံနက်ပိုင်းမှစ၍ တန့်ဆည်မြို့ပေါ်နှင့် တန့်ဆည်မြို့နယ်အတွင်းရှိ အခိုင်အမာတပ်စွဲ ထား သော ကလေးမြို့အခြေစိုက် ခမရ ၃၆၁ တပ်ရင်း ၊ ၎င်း၏ လက်အောက်ခံ ပျူစောထီး အဖွဲ့ များ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်း (PAW OO Column) မှ စစ်မျက်နှာဖွင့်၍ ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခု အချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်သား၊ ပျူစောထီး ၂၀ ဦး ထက်မနည်းသေဆုံးပြီး ၄၀ ဦးခန့်ထိခိုက်ဒဏ် ရာရှိ ကာ ထိခိုက်ဒဏ်ရာရရှိသူများအနက် ၃၂ ဦးကို ကန့်ဘလူ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထား ကြောင်း၊ ထို့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့နှင့် လက်နက်၊ခဲ၊ယမ်း အချို့ သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲ ကနဦးဖြစ်တဲ့ရက်‌ကနေစပြီး အခုချိန်ထိ ဖြစ်နေဆဲဖြစ်ပါ။ တန့်ဆည်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာချည်းမဟုတ်ပါဘူး စကစရဲ့ အခိုင်အမာ စခန်းအားလုံးကို တိုက်ခိုက် တာဖြစ်ပါတယ် ။ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ၂ ဦးကို ဖမ်းဆီးရထားပြီး အခုအချိန်မှာ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ၊ ထောက်ပံ့မှုတွေ အပြည့်အ၀ ပေးထားပါတယ်၊ လက်နက်သိမ်းဆည်းမှုကတော့ တိုက်ပွဲအတွင်းဖြစ်တဲ့အတွက် တိကျတဲ့ အချက်အလက်တွေကောက်ခံလို့ မရသေးပါဘူး၊ စိစစ်ဆဲ ဖြစ်ပါတယ်‌” ဟု အမှတ် ၅၂ ဗျူဟာ ၊ ပေါ်ဦးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဖမ်းဆည်းရရှိသည့် စစ်သုံ့ပန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် ( MOD ) မှ ပြဌာန်းထားသည့် စစ်သုံံ့ပန်းဥပဒေနှင့်အညီ နိုင် ငံ တကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေ (သို့) အခွင့်အရေးများ (International Human Law / International Human Rights ) ၊ ဂျနီဗာကွန်ဗန်းရှင်း ဥပဒေ (Geneva Convention Law – from 1864 to 1949 ) အရ စစ်ဆေးလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ပြင်းထန်နေ၊ ဒေသနေပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ   သံလွင်မြန်မာသတင်း မေလ ၂၃   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ထွက်ပြေးမှုများရှိ ကြောင်း CDF CDM...