Sagaing News

Sagaing News

ဝက်လက်မြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၇

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချစခန်းကို  Fixedwings ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄ လုံးစလုံး စစ် တပ် အထိုင်စခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း စခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဥပဒေ မီးတောက် တပ် ဖွဲ့နှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...