Sagaing News

Sagaing News

ကနီမြို့ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်၊ စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်တင်းရန် ရဟတ်ယာဉ်ဆင်းသက် စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း KLG PDF ကျောက်လုံးကြီး ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၉ ရက် ညနေ ၅ နာရီက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခမှ တက်လာသော အကြမ်းဖက်စစ်သား ၂၀ ခန့်ပါ ရဟတ်ယာဉ် ၁ စီးသည် ကနီမြို့၊ ဘောလုံး ကွင်း အတွင်းဆင်းသက်ပြီး လူအတင်အချပြုလုပ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက Fixed Wings ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ကို ကင်းစောင့်နေသည့် စစ်သားများ ထိခိုက်မှုရှိပြီး ကနီမြို့တွင်ရှိနေသော ဗိုလ်မှူး။ ဗိုလ်ကြီးများကို ခေါ်ဆောင်နိုင်ခြင်းမရှိပဲ ချက်ချင်းပြန်ပြေးသွား ကြောင်း သိရသည်။

“လေယာဉ်က ဆင်းပြီး စခတွေ ချနေတဲ့အချိန် ဗုံးသီးချတာ၊ ကနီမြို့က ဗိုလ်မှူး၊ ဒရုန်းဗိုလ်တွေနဲ့၊ လေယာဉ်ကြားကို ချတာ။ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ အင်အားဖြည့်ပြီး ကနီမြို့က အရာရှိတွေကို ပြန်ခေါ်ဖို့လုပ်တာပါ ၊ နမခတိုင်းမှူး ဝက်ဘီးလူးမျိုးမင်းထွေး ကျောင်းသားဘဝက ကနီမြို့ အထကမှာ ပညာသင်ယူခဲ့ဖူးလို့ အခုတိုက်ခိုက်ခံရတဲ့အပေါ် ဒေါပွနေတယ်လို့ သိရပါတယ်” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာ ၄၅ KLG PDF ကျောက်လုံးကြီးအနေဖြင့် စစ်အာဏာရှင် အမြစ် ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သားများက ကနီမြို့ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၁ ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ်များကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရ သည်။

 

“မီးကတော့များတယ်၊ ညဘက်ဆိုတော့ အိမ်ဘယ်လုံးပါသွားလဲ မသိရဘူး။ ရပ်ကွက် ၁ ကနေအိမ် တွေရော၊ ရပ်ကွက် ၃ က နေအိမ်တွေရော ရှို့တာများတယ်။ ကနီမြို့မှာက ပြည်သူတွေ မရှိတော့ဘူး။ ညဘက်ရောက်တော့ ကင်းပတ်တာတွေ လည်းရှိတယ်။” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...