Sagaing News

Sagaing News

ရေဦးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။

 

မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက် အတွင်း အင်းအား ၃၀ ခန့် ဖြင့် ကင်းပတ်နေသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ကား ၂ စီးလည်း မိုင်းထိပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော် လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

မိုင်းဆွဲခံရပြီး ထိခိုက်ပျက်စီးသွားသော ကား ၂ စီးသည် မိုင်းထိသည့် နေရာ၌ပင် ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းအထိ ရှိနေသေးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မလှိုင်မြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီးကို PDF ရဲမေများက ဖမ်းဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင် တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီး ၁ ဦး ကို PDF ရဲမေများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေး...