Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို စစ်တပ်က စစ်ကြောင်းထိုးကာ ဟောင်ဝှစ်ဇာ၊ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက် မှုကြောင့် ပကဖ ရဲဘော်နှစ်ဦးကျဆုံးပြီး ကျေးရွာအများအပြား ထိမှန်မီးလောင် ပျက်စီး

 

D Day News

ဧပြီလ ၂၆

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ဟောင်ဝှစ်ဇာ၊ လေကြောင်းတို့ဖြစ် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ ပြီး ပြည်သူ့နေအိမ်အများအပြား ထိမှန်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဧပြီလ ၂၅ ရက်နံနက် ၅ နာရီကျော်က စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောဘက်သို့ မင်းကွန်းကျေး ရွာမှ အကြမ်းဖက်စစ်သား ၁၅၀ ခန့်ရှိ စစ်ကြောင်းတစ်ကြောင်းကို ထုံးဘိုရွာအနီး၌ မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီး ကားတစ်စီးထိမှန်ပြီး အပြန်အလှန်ပစ်တိုက်ပွဲ့ဖြစ်ခဲ့ကြောင်း၊  ကားတစ်စီးကို ထိမှန်ခဲ့ကြောင်း၊ ထိုအပြင် မတ္တရာမြို့နယ်ဘက်ခြမ်းရှိ အကြမ်း ဖက်စစ်သားများက သံခွန် ၃ စီးဖြင့် စစ်ကိုင်းဘက်သို့ ကူးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံခွန်တစ်စီး မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“ထိတွေ့တိုက်ပွဲတွေမှာက ခွေးတွေသေဆုံးထိခိုက်ရှိတာ သေချာတယ်၊ ထုံးဘိုနားမိုင်းမိတာတော့ ၂ ကောင်ထိတယ်၊ သံခွန်ထိတာတော့ မသိရသေးဘူး၊ သေဆုံးထိခိုက်မှုရှိတာတော့သေချာတယ်။ အဲဒါ ကြောင့် လေကြောင်းနဲ့ တိုက်၊ ဟာင်ဝှစ်ဇာနဲ့ထုပြီး ပစ်အားနဲ့ စစ်ကြောင်းထိုးတက်လာတာ။ ဂျက် ဖိုက် တာနဲ့ ဗုံးကျဲလို့ ကပဖ ရဲဘော်တစ်ဦးပွဲချင်းပြီးဆုံး တယ်။ တစ်ဦးက ဆေးခန်းအပို့မှာ ဆုံးတာ။ ကျန်တဲ့ ရဲဘော် ၄ ဦး ဒဏ်ရာ ရတယ်။ ပထဝီအနေအထားအရ စစ်ကြောင်းဝင်ရင် ပြန်ကပ်လို့ မရတဲ့ရွာတွေ ဖြစ်နေလို့ ပြည်သူ အထိအခိုက် အကျအဆုံး၊ နေအိမ်ပျက်စီးမှုတွေက မသိရသေးဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းကွန်းတိုက် နယ် ပကဖ မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး မင်းဝံတောင်ရိုး တကြောရှိ ထုံးဘိုရွာ၊ အုတ်ဖိုရွာ၊ ချောင်းဦးရွာ တို့မှ နေအိမ်အများအပြား မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်၏ ဟောင်ဝှစ်ဇာလက်နက်ကြီးများကို မတ္တရာမြို့‌ဘော လုံးကွင်း၊ မတ္တရာမြို့ နယ်၊ မြစ်ကမ်းဘေးရွာများဖြစ်သည့် ထုံးကြီးရွာ၊ သုံးဆယ်ပေးရွာတို့တွင် တပ်ဆင်ထားကာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်သို့ ပစ်ခတ်နေ ခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ စစ်ကိုင်းမြို့နယ် တောင်ရိုး ပေါ်နှင့် တလိုင်းရွာထိပ်နားသို့ရောက်ရှိနေပြီး စဉ့်ကိုင်ရွာဘုရားပေါ်၌လည်း အကြမ်းဖက်စစ်သား အချို့ကျန်ရှိကြောင်း၊ မတ္တရာမြို့နယ်ဘက်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်မှု များဆက်ရှိနေကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...