Sagaing News

Sagaing News

မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနှင့် ပြည်သူ့ နေအိမ်အလုံး ၅၀ ကျော်ကို စစ်တပ် က မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၄

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ – CDSOM ထံမှ သိရသည်။

 

မတ်လ ၁၂ ရက်နေ့က ညနေ ၄ နာရီမှ စ၍ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာအတွင်းသို့ စစ်ကောင်စီက ကြည်းတပ် ၊ ရေတပ် နှစ်ခုပေါင်းကာ ပိတ်ဆို့၍ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ခံရမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူ့နေအိမ်များကို အလုံး ၅၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

“နယ်မြေရှင်းလင်းတော့ ပြည်သူတွေ သတ်ဖြတ်ခံထားရတာမျိုးတော့ မတွေ့ဘူး။ အားလုံးက ရှောင်တိမ်းနေကြတာဆိုတော့၊ ရှောင်တိမ်းချိန်ကလည်း ၂ ရက်လောက်ကြိုရလိုက်တာဆိုတော့ ၊ ဒါပေမယ့် မီးရှို့ခံထားရတဲ့ဟာတွေက စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းပေါ့၊ စာလည်း သင်တယ်၊ စစ်ဘေးရှောင်တွေကိုလည်း ထားတယ်။ အဲဒီကျောင်းကိုတော့ အဓိကထားပြီး ရှို့သွား တာ။ အဆောင် ၃ ဆောင်ရှိတာကို ၃ ဆောင်လုံးရှို့သွားတာ။ တစ်ဆောင်တစ်ဆောင်ဆိုရင် ပေ ၁၀၀ ကျော်ရှိတဲ့ သစ်သားဆောင်က ၂ ဆောင်ရှိတာ၊ အဲဒီ ၂ ဆောင်လုံးက ပြာကျသွားတယ်။ အုတ်နဲ့ လုပ်ထားတဲ့ အဆောင်ကတော့ ကျည်းဘောင်တွေပဲ လောင်ပြီးတော့ မှန်တွေ ကွဲသွားတာပေါ့၊ ပြီးတော့ ကျန်တဲ့ အုတ်တွေကတော့ မီးမလောင်နိုင်လို့၊ ပြီးတော့ ပြည်သူနေအိမ်တွေကတော့ ၅၀ ကျော်လောက် မီးရှို့ခံလိုက်ရတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ – CDSOM မှ ကိုနွေဦး (မြောင်)က ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ယနေ့ မတ်လ ၁၄ ရက် နံနက် ၆ နာရီခန့်တွင် ပန်းညိုရွာမှ ရေ စကြိုမြို့နယ်၊ မြေတော်ရွာသို့ ထွက်ခွာသွားပြီး နံနက် ၈ နာရီခန့်တွင် မြေတော်ရွာအရောက် ပြည်သူ့ နေအိမ်များကို ထပ်မံမီးရှို့လျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက မြောင်မြို့နယ်နှင့် ရေကြိုမြို့နယ်အစပ် ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက်စစ်တပ်က ကြည်းတပ်၊ ရေတပ်ပေါင်းကာ အင်အားအားလုံးအရင်းဖြင့် ဝင်ရောက်၍ပြည် သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှိုဖျက်ဆီးခြင်းများလုပ်ဆောင်နေသောကြောင့် ဒေသနေပြည်သူသောင်းချီကာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...