Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ညစာ စားနေသည့် လက်နက်ကြီးကွန်မန်ဒါအရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ညစာ စားနေသည့် လက်နက်ကြီး ကွန်မန်ဒါအရာရှိ တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF ထံမှ သိရသည်။

 

မတ်လ ၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ မြပုလဲ ဆီဆိုင်၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲ ချတိုက်ခိုက်ခဲ့ရာ ဆီဆိုင်အတွင်း ညစာစားနေသည့် လက်နက်ကြီးကွန်မန်ဒါ အရာရှိတစ်ဦး အပါ အဝင် စစ်ကောင်စီတပ်သား ၂ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ည ၁၁ နာရီ ၂၃ မိနစ် တွင် မုံရွာမြို့တွင်းသို့ သံပြားကာ ကား ၂ စီးဖြင့် ပို့ဆောင်ခဲ့ပြီး သေဆုံးသွားသော အကြမ်း ဖက် စစ် သား ၂ ဦးကို မတ်လ ၇ ရက်နံနက် ၁၀ နာရီဝန်းကျင်တွင် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်း၌ အခမ်းအနားဖြင့် နာရေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...