Sagaing News

Sagaing News

မုံရွာ -မန္တလေးလမ်းမပေါ်တွင် ကင်းပုန်းယူပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကင်းပုန်းယူပြီး ပြန်လာသော ခြေလျင်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Special Forces 11 – LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၇ ရက် ညနေ ၆ နာရီ ၄၉ မိနစ်က ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်စခန်းသို့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်မှ ဂျန်ပါကား ၃ စီးဖြင့် လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ရာတွင် မြပုလဲဆီဂိတ်စခန်းမှ အကြမ်းဖက်စစ်သား ၂၃ ဦးသည် မုံရွာတိုးဂိတ်အနီးတွင် လမ်းကင်းယူပေးခဲ့ရာ ယင်းအကြမ်းဖက်စစ်သားများ ပြန်လာစဉ် ပဒေသာမိုင်း ၅ ပွိုင့် ၁ ပွိုင့်ဖြင့် မိုင်း စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ခွဲ ၁ ၊ Special Forces 11-LPDF နှင့် Monywa Dynamite (STF) အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...