Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီးတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်မှု လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရဟု CHUPDF ထုတ်ပြန် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်က ခရီးသည်တင်ကားကို ဓားစာခံဖမ်းဆီးကာ အတင်းတိုးဝင်မောင်းခိုင်သည့်အပြင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် လသားအရွယ်ကလေး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း CHUPDF က ထုတ်ပြန်သည်။

 

မတ်လ ၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ သံပြား ကာ ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ခရီး သည် တင်ကား ၂ စီးကို ဓားစာခံဖမ်းဆီးကာ ဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားစာခံဖမ်းဆီးခဲ့သည့် ကားပေါ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကားပေါ်သို့ တက်၍ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များက ပြည်သူများကို ကယ်ထုတ်လာစဉ် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် လသား အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်ဖြစ်စဉ်နှင့်ပတ်သက်၍ ကောလာဟလမျိုးစုံထွက်ပေါ်လျက်ရှိရာ ချောင်းဦးမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့ ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် တစ်ဦး ကို ဖြစ်စဉ်အမှန်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကူညီကယ်ထုတ်ခဲ့ရသည့် ခရီးသည်များကိုလည်း သက်ဆိုင်ရာမိသားစုများထံ ဆက်သွယ် အပ်နှံပြီး ဖြစ်ပြီး မိဘပြည်သူများ ဖြစ်စဥ်အမှန်ကိုသိရှိနိုင်ကြပါရန် မိသားစုထံပြန်လည်ရောက်ရှိ ပြီးဖြစ်သော ခရီးသည်တစ်ဦးထံ CHUPDF က တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းထားမှုကို ထုတ်ပြန်ထားဖြစ် ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ဆည်လေးတောရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခံတစ်ခြံကို စစ်တပ်မီးရှို့ဖျက်ဆီး၊ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆည်လေးတောကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ...