Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

မတ်လ ၆

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရ သည်။

 

ယမန်နေ့ မတ် ၅ ရက်နေ့က ကန့်ဘလူမြို့နယ် ၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျော တိုင်း ရွာအနီး၌ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် ပကဖ ၊ ပအဖ ၊ ပလဖ ၊ PDF ပူးပေါင်း စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စခစစ်ကြောင်းထဲကနေ ထွက်ပြေးလာတဲ့သူတွေတော့မဟုတ်ပါဘူး။ နယ်မြေရှင်းလင်းရေး ဆောင် ရွက်နေတုန်း ဖမ်းဆီးရရှိခဲ့တာပါ။ အသေးစိပ် အချက်အလက်တော့ မသိရသေးပါဘူး” ဟု ကန့်ဘလူ ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စ၍ အကြမ်းဖက်စစ်သား အင်အား ၃၀၀ ခန့်ဖြင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ရွှေဘို -မြစ်ကြီးလမ်းပေါ်သို့ ထွက်လာသော အကြမ်းဖက်စစ် စစ်ကြောင်းကို ပြ်ညသူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

 

အထိနာသော အကြမ်းဖက်စစ်သားများက ဒေသနေပြည်သူများကို ဓားစားခံဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိသောကြောင့် ပြည်သူ သောင်းနှင့်ချီ၍ ထွက်ပြေးနေရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ - စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။...