Sagaing News

Sagaing News

ထီးချိုင့်မြို့နယ်၊ မြတောင်စခန်းကို KIA၊ ABSDF၊ PDF တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA ၊ ABSDF၊ PDF တပ်ဖွဲ့များပူးပေါင်းကာ သိမ်းပိုက်ရရှိခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၁ ရက် နံနက်ပိုင်းက စတင်၍ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်း ကို KIA ၊ KPDF နှင့် ABSDF တပ်ဖွဲ့များပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိကြောင်းသိရသည်။

https://youtu.be/nnxtrQbZkNM

ယင်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့် စစ် ကောင်စီတပ်သား အများအပြားစခန်းစွန်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး ထိုသို့ ထွက်ပြေးသွား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဖမ်းဆီးရရှိမှု၊ ထိခိုက်သေဆုံးမှုနှင့် လက်နက်သိမ်းဆည်း ရရှိမှုအရေအတွက်များကို ABSDF က ထုတ်ပြန်ထားခြင်းမရှိပေ။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို အမှတ် (၁) စစ်ဒေသ ညွှန်ကြားချက်အရ ABSDF ကျောင်းသားတပ်မတော် Column-2 လှုပ်ရှားစစ်ကြောင်းနှင့် မဟာမိတ် တပ်ပေါင်းစုများ ဟန်ချက် ညီညီ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ABSDF က ထုတ်ပြန်ထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...