Sagaing News

Sagaing News

မုံရွာမြို့နယ်ရှိ စစ်တပ်အထိုင်စခန်း ၃ ခုနှင့် ချောင်းဦးမြို့နယ်တွင် စစ်တပ်ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်၊ မအူနှင့် သာစည်ထောင် အကြမ်းဖက်စစ်တပ် အထိုင် စခန်းတို့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုရှိပြီး နာရေးကားများဖြင့် သယ်ဆောင်သွားကြောင်း Brothers Revolution Force – Monywa ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၁ ရက် ည ၉ နာရီခန့်က မုံရွာမြို့နယ် စွမ်းရည်ထက် အကြမ်းဖက်စစ်တပ် အထိုင် စခန်း၊ မအူအကြမ်းဖက်စစ်တပ် အထိုင်စခန်း နှင့် သာစည်ထောင် အကြမ်းဖက်စစ်တပ် အထိုင်စခန်း တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စည်းလုံး ညီညွတ်စွာ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများအတွင်း မအူစစ်တပ်အထိုင်စခန်းတိုက်ပွဲ၌ အကြမ်းဖက်စစ်သား အများ အပြား ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရ စစ်သားများကို မုံရွာမြို့ထဲမှ ညတွင်းချင်း အိမ်စီးကား ၃ စီး ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း ၊ မုံရွာ ခရိုင် အမှတ် ၁၁ တပ်ရင်း တို့၏ အကူ အညီဖြင့် Brothers Revolution Force – Monywa ၊ မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်း၊ Sun King Envoy (Monywa) LPDF ၊ Black Flacon ၊ Golden Eagle Force – Monywa ၊ နယ်စဉ်းမခြား လက် နက်ကြီးတပ်ဖွဲ့ ၊ မုံရွာခရိုင် အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၃ ၊ ‌ေ-ခွ-းသ+တ်-မုဆိုး ၊ မုံရွာခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ ဝရဇိန်တပ်ခွဲ၊ People’s Liberation Army (PLA) ၊ ဇာမဏီအဖွဲ့ ၊ Hero Brother Monywa ၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် Fire Dragon အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို မကျည်စု သုဿန်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် ချောင်းဦးမြို့ ထွေ/အုပ်ရုံးမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် ဒေါ်စန်းဌေး ဘော်ဒါကို ရောက်ရှိလာပြီး ကျန် စစ်သားများ ပေါင်းကာ ကင်မွန်တော် ပျူရွာသို့ ရိက္ခာပို့ရန် အင်အား ၇၀ ခန့်ဖြင့် ဆက်လက်ထွက် လာစဉ် မကျည်းစု သုဿန် အနီးအရောက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီ တပ်သားများကို ထွေ/အုပ် ရုံး၌ ကျန် ရှိနေသော စစ်ကောင်စီ တပ်သားများက သယ်ဆောင်သွားကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် စစ် ကြောင်းလည်းရှေ့ဆက်မတိုးရဲတော့ပဲ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်သား များအား တိုက်ိခုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၃၀   ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ သော အကြမ်းဖက်စစ်ကေင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁...