Sagaing News

Sagaing News

ဘုတလင်မြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို တာဝေးပစ်အမြောက်လက်နက်ကြီး စမ်းသပ် ပစ်ခတ် ရင်းတိုက်ခိုက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တာဝေးပစ် အမြောက်လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရင်း တိုက်ခိုက်ခဲ့ကြောင်း ဒုံးပျံ Local PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီခန့်က ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ အထိုင် ချထားသော အထက်တန်းကျောင်းရှိ စစ်ကောင်စီတပ်သားများကို ဒုံံးပျံ Local PDF တပ်ဖွဲ့မှ စမ်းသပ်ထုတ်လုပ်ထား သည့် ဘီးတပ်တာဝေးပစ် အမြောက်ကြီးကို စမ်းသပ်ရင်း သွားရောက်ပစ် ခတ် တိုက်ခိုက်ခဲ့ရာ ထိ ရောက်ပေါက်ကွဲမှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ စမ်းသပ်မှုက ထင်ထားတာထက် ပိုကောင်းမွန်ခဲ့ပါတယ်။ ထိ ခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါ၊ ဖုန်းလိုင်းတွေကလည်း အခက်အခဲဖြစ်နေလို့ စုံစမ်းမရသေး ပါဘူး။ ထုတ်လုပ်မှုအကောင်းမွန်ဆုံးဖြစ်သွားတဲ့အတွက် ထုတ်လုပ်သူတွေရော၊ အလှူရှင်တွေ အတွက်ပါ တကယ် အကျိုးရှိပါတယ်။ တပ်သားတွေအားလုံးလည်းပင်ပန်းရကျိုးနပ်လို့ ပျော်နေကြ ပါတယ်” ဟု ဒုံးပျံ Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တာဝေးပစ်လက်နက်ကြီးကို မိဘပြည်သူများ၏ အကူအညီဖြင့် ရှေးမူ၊ ရှေးဟန်များဖြင့် ပြန် လည်ဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ မိုင်ခန့်အကွာအဝေးရှိ စစ်တပ်စခန်းများကို ပစ်ခတ် တိုက်ခိုက်နိုင်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...