Sagaing News

Sagaing News

မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Area71 PDF Monywa အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ည ၁၀ နာရီခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှ တောပုရွာပျူစောထီးစခန်းသို့ အင်အား ဖြည့်တင်းရန် ဖောကား ၄ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တောပုရွာဘက် ကားလမ်း အဆင်းတနေရာအရောက် အပြင်းအားမြင့် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဖောကား ၂ စီးနှင့်အတူ လမ်းပိုင်းကင်းယူနေသော အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုနောက်ဆက်တွဲသတင်းတော့ မရသေးဘူး။ ထိခိုက်သေဆုံးမှုကတော့ ရှိတော သေ ချာတယ်။ မိုင်းဆွဲပြီးတော့ အော်ဟစ်ဆဲဆိုသံ၊ ညည်းငြူသံတွေပါကြားရတာ။ ကားပေါ်က စခ တွေ ထိတာ မဟုတ်ဘူး။ ကင်းပုန်းတွေထိတာ။ ကားတွေကတော့ တောပုရွာထဲကို ဝင်သွားတယ်” ဟု Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့နှင့် Area71 PDF Monywa အဖွဲ့တို့ ပူး ပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာမှ လှည့်ကင်းထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်းမှ လှည့်ကင်းထွက် လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း...