Sagaing News

Sagaing News

မြသိန်းတန်ဘုရားရှိ စစ်သားများနှင့် ရေကြောင်းမှ တက်လာသော စစ်သင်္ဘောအုပ်စုကို ဗုံးကြဲ တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရား၌ တပ်စွဲထားသော စစ်သားများနှင့် ရေကြောင်းမှ ဆန်တက်လာသော စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂၈ ရက်နေ့တွင် မန္တလေးဂေါဝိန်ဆိပ်ကမ်းမှ အထက်ဘက်သို့ဆန်တက်လာ သော စစ် သင်္ဘော ၅ စီးပါ ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာ ရာသီဥတုနှင့်လေတိုက်နှုန်းကြောင့် သင်္ဘောကိုထိမှန်ခြင်းမရှိခဲ့ကြောင်း၊ သို့ သော်လည်း သင်္ဘောဘေး၌ ဗုံးသီး ကျရောက်ပေါက်ကွဲသံကြောင့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း နှင့်အနောက် ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

https://youtu.be/ZJ3GfUiSbGs

“သင်္ဘောတွေက သပိတ်ကျင်းဘက်တက်ဖို့ ဖြစ်မယ်။ ဒီနေ့ နေ့လည် ၁ နာရီလောက်က မန္တလေးက ဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတာ။ ဒရုန်းနဲ့ချတော့ ရမ်းသမ်းပစ်ခတ်ပြီး သင်္ဘောတွေ ရှေ့ နောက်ချိန်းရင်း သောင်တင်ကုန်လို့ ညနေ ၅ နာရီလောက်မှ ရှေ့ကို ဆက်တက်နိုင်တယ်။ဪ ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း၊ လမ်းသွား လမ်း လာများကို အတင်းအကြပ်စစ်ဆေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“မြသိန်းတန်ဘုရားမှာ ဗုံးကျဲတာက ၁ ဦးသေတယ်။ အရက်သောက်နေတဲ့ သူတွေက ငါတို့လူ ထိ သွားပြီဆိုပြီး ထပြေးသွားတာ၊ ခနနေတော့ ဆွဲထုတ်သွားတယ်လို့ သိထားပါတယ်။” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၊ Acid (ဝက်လက်) ၊ Royal Falcon Guerrilla Force နှင့် Phoenix Sgg တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

အရာတော်မြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ ကြောင်း Danger...