Sagaing News

Sagaing News

စစ်ကိုင်းတွင် မိုင်းကွင်းအတွင်း ဝင်ရောက်ပြီး အရက်၊ ဘီယာများသောက်သုံးနေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် မိုင်းကွင်းအတွင်းဝင်ရောက်ပြီး  အရက် ၊ဘီယာ၊ သောက်သုံးနေ သော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း လင်းယုန် ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်း၊ စစ်ကိုင်း တက္ကသိုလ်အနီးတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို လုံခြုံရေး ကင်းပုန်းယူပေးရန် ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများက တော်လှန်ရေးတပ်ဖွဲ့ များ အသင့်ပြင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက် နေရာယူ၍ အရက်နှင့် ဘီယာများ သောက် စားနေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုင်းပွိုင့်အား ထိထိမိမိ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ စစ်ကိုင်း မြို့ ဇေယျာတိုးချဲ့ ရပ်ကွက်တွင်နေထိုင်သူများဖြစ်ပြီး ပျူသင်တန်းဆင်းထားသူများ ဖြစ်ကြောင်း သိရ သည်။

 

” စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကို လုံခြုံရေး ကင်းပုန်းဖို့ ရောက်ရှိ လာတဲ့ စခတွေပါ။ ကျနော်တို့ အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်အတွင်းကို ဝင်ရောက်ပြီးတော့ လက်နက် တွေကို ဘေးချပြီး အရက်၊ ဘီယာတွေ သောက်စားနေချိန် ထိထိမိမိ ဖောက်ခွဲနိုင်ခဲ့ပါတယ်။” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန် ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ ဥာဏ်တောရွာနှင့် ရွှေသွန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်လက် လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးအလုံး ၈၀ နီးပါး အသုံးပြုတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဥာဏ်တောရွာနှင့် ရွှေသွန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ် ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊...