Sagaing News

Sagaing News

မြင်းမူမြို့နယ်တွင် ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ၃၄ မိနစ်က မုံရွာမြို့ ဝမ်ပေါင်ကုမ္မဏီမှ ထွက်လာ သော ကြေးနီကားများနှင့် အကြမ်းဖက်စစ်သား များလိုက်ပါလာသော ကားများကို မြင်းမူမြို့နှင့် ဝမ်း ပြည့်ရွာ အကြား အရောက် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။

“မုံရွာဘက်ကနေ စစ်ကိုင်းဘက်သွားတာ၊ ကြေးနီတင်တဲ့ကားတွေရယ်၊ စစ်သားတွေ တင်တဲ့ကား‌ တွေရယ်၊ ဂျန်ပါကားတွေရယ်ပါတယ်၊ ပထမ ကြေးနီကားကိုဆွဲတယ်၊ မိုင်း ၂ လုံးပေါ့၊ ကားကိုထိ တယ်၊ ဒဏ်ရာရ သွားတဲ့သူတွေလည်းပါသွားတယ်၊ နောက်ဂျန်ပါကားကိုလည်းဆွဲတယ်၊ နောက် ထပ် ၂ လုံးပေါ့၊ ဒုတိယအကြိမ်ဆွဲတော့လည်း ထပ်ထိတယ်၊ ဂျန်ပါကားက သံတွေနဲ့ဆိုတော့ ထိရုံပဲ ထိတာ၊ နောက်ဆုံးကာ စခတွေချည်းပဲ ပါလာတဲ့ကားကိုကျတော့ ထိထိမိမိဆွဲလိုက်တာ၊ အဲဒီမှာ သေဆုံးဒဏ်ရာရတာတွေဖြစ်တာ၊ နောက်ဆုံးကားမှာမိတာ၊ မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်သေးတယ်၊ မြင်းမူမြို့အဝင်နားရောက်တော့ ရပ်သွားတာ၊ ရပ်သွားပြီးတော့ လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ပြီး သေဆုံးတဲ့သူတွေနဲ့လူနာတွေကို မြင်းမူမြို့ထဲကနေ ကား ၃ စီးနဲ့လာ သယ်သွားတာ” ဟု Dog Killers People’s Defence Force Myinmu တပ်ဖွဲ့တာဝန်ခံ ကိုမောင်ကာ က ပြောကြားသည်။

 

ထို့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားအများအပြား လိုက်ပါလာသည့် ကားမှာ မြင်းမူမြို့အဝင်၌ ပျက်စီးသွားပြီး ကားပေါ်ပါ ထိခိုက်သေဆုံး ဒဏ်ရာရ စစ်သားများကို လူနာတင်ယာဉ် ၃ စီးဖြင့် လာ ရောက်သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ငယ္များဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

“ပြည်သူတွေအနေနဲ့ အရေးမကြီးဘူးဆိုရင် မုံရွာ -မန္တလေးလမ်းပိုင်းကို အသုံးမပြုကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျနော်တို့မှာက ပုံမှန်ဆိုရင် မိုင်းဆွဲပြီးရင် လက်နက်ငယ်နဲ့ တက်ပစ်ခဲ့တာ၊ အခုက ကျည်ဖိုးမရှိတော့ မိုင်းနဲ့ပဲခွဲနေရလို့ ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံချင် ပါတယ်။ ပြည်သူတွေကျပ်တည်းတာလည်းနားလည်ပါတယ်၊ ကျနော်တို့မှာက ပစ်စရာ ကျည်မရှိ တော့လောက်တဲ့အထိဖြစ်နေလို့ အကူအညီတောင်းရတာပါ” ဟု Dog Killers People’s Defence Force Myinmu တပ်ဖွဲ့တာဝန်ခံ ကိုမောင်ကာ က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...