Sagaing News

Sagaing News

ဒီပဲယင်းမြို့ပေါ်ရှိ စစ်သားများထံ Y8 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာခဲယမ်းအထုပ်အချို့ကို PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်သားတွေဆီကို Y8 လေယာဉ်နဲ့ ချပေးတဲ့ ရိက္ခာ၊ ခဲယမ်းထုပ် အချို့ကို PDF တပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ အဖြူရောင် ဒီပဲယင်း ပကဖ ထံကနေ သိရပါ တယ်။

 

ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီက ဒီပဲယင်းမြို့၊ အထက်တန်းကျောင်း၊ သစ္စာရ ကျောင်းနဲ့ ဆရာစံ ခန်းမအနီးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ ခဲယမ်းတွေပါတဲ့ အထုပ် ၈၀ ကျော် Y8 လေယာဉ်နဲ့ ပစ်ချပေးခဲ့တာပါ၊

 

အဲဒီလို လေယာဉ်ပေါ်ကနေ ပစ်ချပေးခဲ့တဲ့ အထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကချပေးခဲ့တာက မြို့ထဲက အထကကျောင်း၊ သစ္စာရကျောင်း၊ ဆရာစံခန်းမတွေဘက်ချတာ။ ကျနော်တို့က တော့တစ်ထုပ်ရတယ်၊ ကျန်တဲ့အဖွဲ့တွေလည်း ရတယ်လို့တော့ ကြားတယ်။ အများစု ကတော့ ရိက္ခာနဲ့ ဆေးဝါးတွေ၊ အားလုံး အထုပ် ၈၀ ကျော်ချပေးခဲ့တာ၊” ဟု အဖြူရောင် ဒီပဲယင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်ရှိသေးပြီး ရွှေဇာလီ၊ ကုန်းသာဦးနှင့် ဇွဲတိုက်တွေမှာ အဓိကတပ်စွဲနေရာယူထားတာပါ။

 

လက်ရှိအခြေအနေမှာ တိုက်ပွဲကြီးကြီးမားမားမရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြို့ တွင်း ပြောက်ကျား မစ်ရှင်တွေတော့ ဖော်ဆောင်တိုက်ခိုက်နေတာတွေရှိပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...