Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာမှ ထွက်လာသော မိုင်းရှင်းရန်ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ညီအမနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

ဩဂုတ်လ ၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှ မိုင်းရှင်းရန်ထွက်လာသော အကြမ်းဖက်စစ် သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Generation Z Power – Mandaly တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက် နံနက် ၇ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ကင်းပုန်းဝပ်၍ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Gerneration Z Power – Mandalay ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျားတပ်ဖွဲ့၊ BRA အဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ နှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မေယဂီရိ ရပ်ကွက်၊ ၁၈ လမ်းနှင့် ၈၂ လမ်းထောင့် တွင်စစ်မှုထမ်းခိုင်းရန် မတရားလူစုနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးညီအမနှစ်ဦးကို ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း GZP Mandalay ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက် နံနက် ၇ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မေဃဂီရိရပ် ကွက်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူ ခင်ဖုန်းဆုတို့ကို သေ နတ်ဖြင့် ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ညီအမနှစ်ဦးစလုံးနေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...