Sagaing News

Sagaing News

ရေဦးမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်ပြီး ပေါ်တာဆွဲနေမှု ကြောင့် မြို့နေပြည်သူ ၃ ပုံ ၂ ပုံခန့် ထွက်ပြေးတိမ်းရှောင်နေရ၊ လူမရှိသည့်နေအိမ်များကို စစ်သား များက ဖောက်ထွင်းခိုးယူ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်ကာ ပေါ်တာဆွဲနေမှုကြောင့် မြို့နေပြည်သူ ၃ ပုံ ၂ ပုံခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး လူမရှိသည့်နေအိမ် များကိုလည်း စစ်သားများက ဖောက်ထွင်းခိုးယူနေကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က သံလွင်မြန်မာသတင်းဌာန ထံသို့ ပြောကြားသည်။

 

ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းကစတင်ပြီး ရေဦးမြို့တိုင်းရင်းဆေးရုံ၌တပ်စွဲထားသော အကြမ်းဖက် စစ်သားများက မြို့တောင်ဘက်ခြမ်းနှင့် အနောက်ခြမ်းရှိကျေးရွာများကို လက်နက်ကြီး ၅ လုံးထက် မနည်း ပစ်ခတ်ကာ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ ဇီးခြံရပ်ကွက်တို့အပါအဝင် မြို့ပေါ်ရပ်ကွက်များအတွင်းဝင်ရောက်ပြီး ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ လူကြီး၊လူငယ်၊ လူလတ်အမျိုး သားအတော်များများပါသွားကြောင်း သိရသည်။

 

ထို့အပြင်နေ့ခင်းပိုင်းတွင်လည်း ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ နေအိမ်များအတွင်း အတင်းအဓမ္မဝင်ရောက်ပြီး တွေ့သမျှ သန်သန်မာမာအမျိုးသားများအားလုံးကို ပေါ်တာဆွဲနေသည့် အပြင် ဈေးအတွင်း ဈေးရောင်းချနေသော အမျိုးသမီးများကိုလည်း ဖမ်းဆီးနေကြောင်း၊ ထိုသို့ ဈေး အတွင်းဝင်ရောက်ဖမ်းဆီးမှုကြောင့် ရေဦးမြို့မဈေးကြီးနှင့် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးထဲ မှ အမျိုးသမီး ၁၀ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

Photo – ပုံဟောင်း

“ရေဦးမြို့ပေါ်မှာ ပေါ်တာဆွဲနေတာ၊ မြို့တွင်း အလုပ်ကိစ္စနဲ့ သွားလာနေတဲ့ ဈေးသည်တွေပါမကျန် လူကြီး၊ လူငယ်အကုန်တွေ့သမျှပေါ်တာဆွဲနေတာ။ မနေ့က( ဒီဇင်ဘာလ ၂၈ ရက်) နေ့ကလည်းဖမ်း တယ်။ ဒီနေ့(ဒီဇင်ဘာလ ၂၉ ရက်)နေ့ကလည်းဖမ်းတယ်။ ဖမ်းခံရတဲ့ ပြည်သူဘယ်လောက်ရှိတယ် ဆိုတာ တိတိကျကျမသိရဘူး။ လူငယ်၊ လူလတ်၊ လူကြီးပါမကျန် မြို့ကိုစွန့်ခွာထွက်ပြေးနေကြရပြီ။ တချို့လူငယ်တွေအဆွဲခံထားရတာရှိသလို မြို့ကိုစွန့်ခွာထွက်ပြေးနေကြရတဲ့ ပြည်သူတွေက ၃ ပုံ ၂ ပုံ လောက်ရှိနေပြီ။ မိသားစုလိုက်ပါ မြို့ကိုစွန့်ခွာနေကြရပြီ။ နေ့ရော၊ ညပါကားတွေနဲ့ လှည့်ပတ်ဆွဲနေ တာ။”ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က သံလွင်မြန်မာသတင်းဌာန ထံသို့ ပြောကြားသည်။

 

အဆိုပါပေါ်တာဆွဲဖမ်းဆီးမှုကို စစ်တပ်၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်သင်တန်းဆင်း လက် နက်ကိုင်ပျူများပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး အချို့လူငယ်များမှာ ပိုက်ဆံဖြင့် ပြန်ရွေးပြီး လွတ်မြောက်လာသူများရှိသလို အတင်းအဓမ္မစစ်တပ်အတွင်း ဆွဲသွင်းခံရသူများလည်းရှိကြောင်း သိရသည်။

 

ထို့အပြင် မြို့ကိုစွန့်ခွာထွက်ပြေးနေသူများ၏ နေအိမ်များကို စစ်သား၊ ရဲ၊ ပျူစောထီးများက ဖောက် ထွင်းကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူလျက်ရှိကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က သံလွင်မြန်မာသတင်းဌာန ထံသို့ ပြောကြားသည်။

 

“မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူတွေမရှိသလောက်ဖြစ်နေပြီ။ တစ်ယောက်မှ မရှိတဲ့ နေအိမ်တွေ ဆိုရင် စခတွေက နေအိမ်ကိုဖောက်ပြီး ပစ္စည်းတွေ စိတ်ကြိုက်ခိုးနေတာ။ ပေါ်တာဆွဲခံရတာတွေက လည်းများလာတော့ ပြည်သူတွေမရှိတဲ့ နေအိမ်တွေက များတယ်။ မနေ့က (ဒီဇင်ဘာလ ၂၈ ရက်) နေ့ကလည်း ပြည်သူမရှိတဲ့ နေအိမ်တစ်လုံးထဲကို ဝ်ငရောက်မွှေနှောက်ရှာဖွေပြီး ယူသွားတာ စပါး ရောင်းထားတဲ့ ငွေ ၈ သိန်းခွဲလောက်ပါသွားတယ်။” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...