Sagaing News

Sagaing News

မုံရွာမြို့ပေါ်တွင် လူသတ်ဓားပြမှုကျူးလွန်သူများကို တရားရုံးရီမန် ၂ ပတ်ယူကာစစ်ဆေးနေ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ဓားပြမှုကျူးလွန်သူများကို ဖမ်းဆီးထားပြီး တရားရုံးချုပ်ရက် ရီမန်ကြီး ၂ ပတ်ယူကာ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ ထံမှ သိရ သည်။

 

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၇ နာရီအချိန်က မုံရွာမြို့၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်း အတွင်းရှိ အသက် ၄၀ အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကားယူထွက် ပြေးသွားသည့် အဖွဲ့ကို မုံရွာမြို့နယ်ပလဖ (တာဝန်ခံ) ကိုအာကူးဦးဆောင်၍ မုံရွာမြို့နယ် (ပကဖ)၊ တပ်ရင်း ၁ ရဲဘော်များနှင့် အတူပူးပေါင်းပြီး ၁၂ နာရီအတွင်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ လူသတ်ဓားပြတိုက်မှုကျူးလွန်သူများမှာ ပစ်ခတ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် မောင်မင်းသန့် အသက် ၁၉ နှစ်အရွယ် မောင်အောင်‌လေး (ခ)ငသဲ ၊ အသက် ၂၂ နှစ် အရွယ် မောင် ခန့် ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်ချမ်းဇင် ၊ အသက် ၂၀ အရွယ် မဖြူဖြူငြိမ်း နှင့် အသက် ၂၀ အရွယ် မလဲ့လဲ့မွန် တို့ဖြစ်ကြောင်း သိရသည်။

 

“ဖြစ်ရတဲ့အကြောင်းအရင်း၊ ဘယ်လိုလုပ်ခဲ့ကြလဲဆိုတာတွေက စစ်ဆေးနေတုန်းပါ၊ ချုပ်ရီမန်ကြီး ၂ ပတ်ယူထားပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေကို မီဒီယာကနေ ချပြပေးသွားပါ့မယ်။ အခုက တော့ တရားရုံး ရီမန်ကြီး ၂ ပတ်ယူပြီး သူတို့ကို စစ်ဆေးနေတာပါ။” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ – ပလဖ တာဝန်ခံကိုအာကူးက ပြောကြားသည်။

 

အဆိုပါ လူသတ်ဓားပြတိုက်မှုကျူးလွန်သူများအား ယနေ့ ချုပ်ရက် ရီမန်ရယူကာ စတင်စစ်ဆေးမှု ပြုလုပ်နေပြီး တရားခံများ၏ ထွက်ဆိုချက်များ ထပ်မံပေါ်ပေါက်လာပါက မုံရွာမြို့နယ်(ပလဖ) Facebook Page တွင် ဆက်လက်အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၄၀ အရွယ် CDM ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ စက်တင်ဘာလ ၁ ရက်ညပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မိတ်ဆွေသူငယ်ချင်း ၂ နှစ်ဦးနှင့်အတူ...