Sagaing News

Sagaing News

မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်သားတွေကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ ဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ထံက သိရပါတယ်။

 

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက် ဘက်မှာရှိတဲ့ ရေဦးဆီဆိုင်ကနေ အကြမ်းဖက်စစ်သား ၁၅ ဦးလောက် မိုင်းရှင်းထွက်လာခဲ့တာပါ။

 

အဲဒီမိုင်းရှင်းစစ်သားတွေကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ကျေးရွာ အကြားမှာ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲကာ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်လောက်ကြာကြာဖြစ်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲဖြစ်တဲ့ နေရာကို မြင်းမူမြို့ကနေ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ စစ်ကူ ရောက်လာ လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည် ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။

 

စစ်ကူရောက်ရှိလာတဲ့ စစ်သားတွေဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

 

မိုင်းရှင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ရေး ဗိုလ်ကြီးကနေ ကွပ်ကဲကာ People’s knight Defense Force Myinmu (PKDF-MMU) ၊စစ်ကိုင်း ခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၂ နဲ့ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၃ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့တာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုး ရေးတပ်နှင့်...