Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စခန်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ စောထီး ၁၆ ဦးသေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာ ပျူစောထီးစခန်းမှ ပျူစောထီးများနှင့် ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများ ပူးပေါင်းပြီး အင်အား ၁၆၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ် ကြောင်းကို ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာအနောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦး သေဆုံးပြီး ၂၀ ဦးခန့်ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားအသုံးပြုသော  ငါးကြင်းမြီး (MA-15) အမျိုးအစား သေ နတ် ၁ လက်၊ MA-1 အမျိုးအစားသေနတ် ၁ လက်၊ MA-2 အမျိုးအစားသေနတ် ၁ လက်၊ G-3 အမျိုး အစား သေနတ် ၂ လက်၊ ကာဘိုင် အမျိုးအစားသေနတ် ၅ လက်}၊ ကျည်မျိုးစုံ ၁၆၇၀ တောင့်၊ ဗုံးသီး မျိုးစုံ ၃ လုံး၊ နင်းမိုင်း ၆ လုံး၊ RPG  ၃ လုံး၊ ငါးကြင်းမြီးခါးပတ် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ RT စက် ၁ လုံး၊ လက်ကောက် ၂ ကွင်း၊ လက်စွပ် ၁ ကွင်း၊ ဆွဲကြိုးအပြတ် ၁ ခု၊ နားကပ် ၁ ခု၊ ငွေသား ၃၂၀,၈၀၀ ကျပ်နှင့် လူသုံးကုန် ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက် ကာ စစ်ကူပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄) ၊ ကန့်ဘလူခရိုင် ပကဖ ၊ ပလဖ ၊ ပအဖ၊ ကျွန်းလှမြိုနယ် ပကဖ ၊ ပလဖ ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နှင့် ဒေသခံ ပကဖ တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၆၁ နှင့် ပျူစော ထီးပူးပေါင်းအင်အား ၇၀ ခန့်ရှိ ကျွန်းလှမြို့နယ်၊ မဒေါင်ရွာ၌ စခန်းကို ကန့်ဘလူခရိုင် တပ်ရင်း-၁ နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရ သည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသည့် MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA ကျည် ၄၆၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၇ လုံး၊ ကျည်ဘောက် ၅ ခု၊ ဦးထုပ် ၂ လုံးနှင့် Icom ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ အရပ်ကားဖြင့် ထွက်လာသည့် စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား...