Sagaing News

Sagaing News

ကနီမြို့နယ်၊ နတ်ကြီးရွာနှ့င် ကျောက်လှေကားရွာ စာသင်ကျောင်းကို စစ်တပ် လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးပွဲချင်းပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း NUG ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကား ကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောက်လှေကား ကျေးရွာရှိ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်း၌ ပညာ သင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6) ၊ မမေမြတ်နိုး (Grade-7) ၊ မရွှေဇင်ဝင်း (Grade-12) တို့ ကျောင်းသူကျောင်းသား အပြစ်မဲ့ကလေးသူငယ် (၃) ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၅) ဦး ပွဲချင်းပြီး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောင်းသူကျောင်းသား (၆) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၀) ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက ကျောင်းများ၊ လူနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီ ဗာကွန် ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာ ထောက် ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ထောက်ပြထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည် ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား တိုက်ခိုက်ခံရပြီး ကလေးသူငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသော ကလေးသူငယ် များ အတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့်ဖော်‌ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂ ခုအတွင်းရှိ ပြည်သူ ၆၀၀၀ ကျော်ကို PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းမှ မောင်းထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း၌ ထိန်းချုပ်   သံလွင်မြန်မာသတင်း ဇွန်လ ၉   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂...