Sagaing News

Sagaing News

ခင်ဦးမြို့နယ်အတွင်းမှာ ကျပ်သိန်းပေါင်း ၁၅၀ နီးပါးတန်ဖိုးရှိ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် ဘီယာ၊ အရက်များဖမ်းမိပြီး တခါတည်းဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၅

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ ကျပ်သိန်းပေါင်း ၁၅၀ နီးပါး တန်ဖိုးရှိ အကြမ်းဖက်စစ်ကောင် စီထုတ်ကုန် ဘီယာ၊ အရက်များ ဖမ်းဆီးရရှိခဲ့ပြီး တစ်ခါတည်းဖျက်ဆီးလိုက်တယ်လို့ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၁၄ ရက်) နေ့က ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ရဲ့ လမ်းညွှန်ချက်အရ မြို့နယ် ပကဖ ရဲဘော်တွေက စစ်ကောင်စီ အကြမ်းဖက်အုပ်စုနဲ့ မိသားစုတွေ၊ ၄င်းတို့ရဲ့ ဒေါက်တိုင်၊ အကျိုးတူစီးပွား လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ စကစထုတ် Myanmar Beer ၊ ANDAMAN GOLD အမှတ်တံဆိပ် အရက် ၊ ဘီယာတွေ သယ်ဆောင်လာတဲ့ ကားတွေကို ထိန်းသိမ်း စစ်ဆေးရာက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ထိန်းသိမ်းစစ်ဆေးဖမ်းဆီးရာမှာ အကြမ်းဖက်စစ်ကောင်စီထုတ် Myanmar Beer ဂျပ်ဖာပေါင်း ၁၉၀ ၊ ဗူးပေါင်း ၄၅၆၀ ဗူး နဲ့ ANDAMAN GOLD ဂျပ်ဖာပေါင်း ၃၇ ဖာ၊ ဗူးပေါင်း ၄၄၄ ဗူး ကို သိမ်းဆည်း ရရှိခဲ့ တာဖြစ်ပြီးတော့ ကာလတန်ဖိုး  ကျပ်သိန်း ၁၄,၀၆၄,၀၀၀/- (သိန်းတစ်ရာ လေးဆယ် ခြောက် သောင်း လေးထောင်ကျပ်) တန်ဘိုးရှိတယ်လို့ သိရပါတယ်။

 

အဲဒီသိမ်းဆည်းရရှိခဲ့တဲ့ စစ်ကောင်စီထုတ်ဘီယာတွေကို မြို့နယ် ပအဖ၊ ပကဖ က အများပြည်သူ တွေရဲ့ ရှေ့မှောက်မှာ မှတ်တမ်းတင် ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီနဲ့ မိသားစုဝင်တွေ ၄င်းတို့ရဲ့ အကျိုးတူ စီးပွားဘက်တွေ၊ ဒေါက်တိုင် ထုတ် ကုန်ပစ္စည်းတွေတွေကနေ  အမြတ်အစွန်း၊ ငွေကြေးရနေတာတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးသတ်ဖြတ်နေတာဖြစ်လို့ ဆက်လက် ဖမ်းဆီးအရေးယူသွားမှာဖြစ်သလို မိဘပြည်သူတွေအနေနဲ့လည်း သပိတ်မှောက်ပူးပေါင်းပါဝင်ကြဖို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...