Sagaing News

Sagaing News

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာ၌ အကြမ်းဖက်စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Area71 PDF Monywa အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၁၉ မိနစ်အချိန်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား ၁၁ စီးပါ ယာဉ်တန်းမှ ဒုတိယမြောက်ကားကို မုံရွာ -ချောင်းဦးလမ်းပိုင်း တနေရာ၌ ပဒေသာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို မိုင်းစထိမှန် ပြီး ထိုးရပ်သွားကြောင်း သိရသည်။

 

ထိုသို့ ကားထိုးရပ်သွားပြီးနောက် နောက်မှ ကပ်လိုက်လာသော ကားပေါ်မှ စစ်သားများနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများက လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့ ကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ နောက်ကနေလိုက်လာတဲ့ကားပေါ်ကနေလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ် ခတ်တာရှိတယ်၊ ပြီးတော့ ကင်းပုန်းဝပ်နေတဲ့စခတွေကလည်း ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ အဲဒီလို ပစ်ခတ်နေတဲ့ ကျည်ဆံတွေကကြားကနေ ရဲဘော်တွေ ခက်ခက်ခဲခဲနဲ့ ဘေးအန္တရာယ်ကင်းစွာ ဆုတ် ခွာ နိုင်ခဲ့ပါတယ်။ မိုင်းထိတဲ့ကားက ခဏရပ်တန့်သွားပြီးတော့ ဆက်မောင်းသွားတာ တွေ့လိုက်ရ တယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Area71PDF Monywa နှင့် မုံရွာမြို့ပြည်သူ့ကာကွယ်ရေး ဖောက်ခွဲရေး အဖွဲ့ နှင့် ANYAR DEFENCE FORCE အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...