Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာတွင် အကြမ်းဖက်စစ်တပ်က အမည်မသိပြည်သူ ၄ ဦးကို မီးရှို့သတ် ဖြတ်ကာ နေအိမ် ၂၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီး၊ မိုင်းမိမှုကြောင့် ပျူတစ်ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာတွင် အကြမ်းဖက်စစ်တပ်က အမည်မသိ ပြည်သူ ၄ ဦး ကို မီးရှို့သတ်ဖြတ်ကာ နေအိမ် အလုံး ၂၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၉ ရက်နေ့က ရွှေဘိုမြို့ပေါ်မှထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်း စစ်ကြောင်း ၂ ခုဟာ သပြေသာကျေးရွာကို ဝင်ရောက်ကာ အမည်မသိပြည်သူ ၄ ဦးကို မီးရှို့သတ် ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါအပြင် သပြေသာကျေးရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် အလုံး ၂၀၀ နီး ပါးပြာကျသွားတယ်လို့ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံရတဲ့ ပြည်သူ ၄ ဦးနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီတပ်လော်ဘီချန်နယ်တွေ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးလို့ ဖော်ပြထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်သလို သပြေသာရွာသားအပါအဝင် ဒေသနေပြည်သူတွေမဟုတ်ဘူးလို့လည်း သိရပါတယ်။

 

အဲဒီမီးရှို့သတ်ဖြတ်ခံရတဲ့ အလောင်း ၄ လောင်းနဲ့ပတ်သက်လို့ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို လည်းအတည်ပြုလို့မရသေးဘူးလို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားပါ တယ်။

 

အဲဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) က ဦး ဆောင်ကာ ဒေသ ကာကွယ်ရေးအဖွဲ့တွေက ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့တာကြောင့် ပျူစောထီး ၁ ဦးသေဆုံးကာ ပန်းရံ ပျူစောထီးခေါင်းဆောင် အောင်ကျော်အပါအဝင် ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...