Sagaing News

Sagaing News

ကျွန်းလှမြို့နယ်မှာ စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ကာ၂ ပတ်အကြာ စစ်ကြောင်း ထိုးနေလို့ ပြည်သူ ၁ ဦးသေဆုံးကာ ပြည်သူ ၂ သောင်းနီးပါးစစ်ဘေးရှောင်နေရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ဒရုန်းတို့နဲ့ ဗုံးကြဲပြီး ၂ ပတ် အကြာစစ်ကြောင်းထိုးနေလို့ ပြည်သူ ၁ ဦးသေဆုံးကာ ပြည်သူ ၂ သောင်းနီးပါး စစ်ဘေးရှောင်နေရ တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြော ပါတယ်။

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ခန့်က နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါးမှာ နှစ်ပတ်ကြာသည်အထိ စစ်ဘေးရှောင်နေကြရသည်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့က ကျွန်းလှမြို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးတွေက ကံပေါက်ရွာ ပျူရွာကို ရောက်ရှိလာကာ ၆၀ မမ ဗုံးသီးတွေအသုံးပြီး ဒရုန်းတွေနဲ့ ကုက္ကိုကုန်းရွာ ကို တိုက်ခိုက်ကာ ကျေးရွာတိုက်နယ်ဆေးရုံကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

Photo – နိုဝင်ဘာ ၁၇ ရက်နေ့က လေကြောင်းပစ်ခံရတဲ့ လိပ်ဆင်းတောင်ရွာမှတ်တမ်း

ကုက္ကိုကုန်းရွာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ခံ ကြံ့ခိုင်ရေးအမတ် ဦးကျော်ညွန့်ရဲ့ ဇာတိရွာပါ။

 

ဒါ့အပြင် ကုက္ကိုကုန်းနဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ နိုဝင်ဘာ ၂၀ ရက်က နှစ်ကြိမ်၊ ၂၁ ရက်က နှစ်ကြိမ်၊ ၂၂ ရက်က Mi-35 နဲ့ နှစ်ကြိမ်၊ ၂၄ ရက်က Mi35 နဲ့ လေးကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံး ခဲ့ရပါတယ်။

 

အဲဒီနောက် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းနဲ့ လှည့်လည် စစ်ကြောင်းထိုးကာ ကုက္ကိုကုန်းရွာကို တစ်ကြိမ်၊ မဒေါင်၊ လွှတ်တိုက် နဲ့ ဆွဲလှဲရွာတို့ကို နှစ်ကြိမ်စီ၊ စုစုပေါင်း ခုနစ်ကြိမ်တိတိ စီးနင်း မီးရှို့ ဖျက်ဆီးခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားပါတယ်။

 

ပြည်သူပိုင်တန်ဖို့းကြီးပစ္စည်းတွေကို ကံပေါက်ပျူရွာကို ကားနဲ့သယ်ဆောင်ကာ အချိုးကျခွဲဝေယူကြ တယ်လို့ သိရပါတယ်။

 

လက်ရှိ စစ်ရှောင်နေကြရတဲ့ အပြစ်မဲ့ပြည်သူ ၂ သောင်းနီးပါးဟာ ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကို ကုန်း၊ တကုန်း၊ သံပုရာပင်စု၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ် နဲ့ ကန့်ဘလူမြို့နယ်က လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းက ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စတဲ့ ကျေးရွာ ၁၁ ရွာကပြည်သူတွေဖြစ်ပါတယ်။

 

စစ်ဘေးရှောင်ပြည်သူတွေမှာ ဆောင်းတွင်းကာလ အိုးအိမ်စွန့်ကာ ထွက်ပြေးနေရတဲ့အတွက် အရေး ပေါ်အနွေးထည်၊ စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၃...