Sagaing News

Sagaing News

မြင်းမူမြို့မြောက်ဘက် ရွှေတောင်ဆီဆိုင်မှာတပ်စွဲထားသော စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြောက်ဘက်အထွက် ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ Black Eagle Defence Force (MMU) က သတင်း ထုတ် ပြန်ထားပါတယ်။

 

နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲက မြင်းမူမြို့မြောက်ဘက်အထွက် ​ရွှေတောင်ဆီဆိုင်မှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝေဟင်ကနေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ရှိတဲ့နေရာတွေ မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုမှုတွေရှိနိုင် တယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ်ပကဖက ဦးဆောင်ကာ မြို့နယ်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ Black Eagle Defence Force (MMU) ၊ ဗိုလ်မင်းရောင်တပ်ဖွဲ့ ၊ မြင်းမူမြို့အမှတ် ၃ ရပ်ကွက် ပကဖ (DK) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...