Sagaing News

Sagaing News

ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ရဲ၊ ပျူတွေ ဗုံးကြဲတိုက်ခိုက်ခံရကာ ၂ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းက ရဲတွေနဲ့ ညောင်ငုတ်တိုရွာက ပျူတွေ ဆက် ကြေးကောက်နေတုန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerrilla Force (Sadaung Falcon) ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ အချိန်နဲ့ နိုဝင်ဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ အချိန် မှာ ဆားတောင်မြို့၊ ရဲစခန်းက ရဲတွေနဲ့ ညောင်ငုတ်တိုရွာက ပျူတွေ ခရီးသွားပြည်သူတွေဆီက ဆက် ကြေးကောက်နေတုန်း ဒရုန်းနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ရာ ရဲ၊ ပျူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းတစ်စီး Jammer မိကာ ပျက်ကျသွား တဲ့ အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူတွေပေါင်းပြီး ကင်းပတ်ကာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

 

ဒီတိုက်ခိုက်မူကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နဲ့ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

 

စစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့အတွက် Phoenix-Sagaing က ဗုံးသီး ထုတ်လုပ်ကူညီပေးခဲ့တာလို့ Royal Falcon Guerrilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...