Sagaing News

Sagaing News

မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းလမ်းမပေါ်မှာ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ်မောင်းစစ်သား ၁ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်မှာ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းစစ်သား ၁ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေး တပ်မတော် – Monywa The Boys ထံက သိရပါတယ်။

 

မနေ့က (နိုဝင်ဘာလ ၂၆ ရက်) ညနေ ၄ နာရီခွဲက မန္တလေးဘက်ကနေ မုံရွာဘက်သို့ လာတဲ့ အကြမ်း ဖက်စစ်တပ်ယာဉ်တန်းကို မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ယာဉ်မောင်းစစ်သား ၁ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးကာ မိုင်းဆွဲခံရတဲ့ နေရာအနီးမှာပင် ကားရပ်တန့် သွားတယ်လို့ ဆိုပါတယ်။

 

အဲဒီ မိုင်းစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-Monywa The Boys တပ်ရင်း ၄ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ – 5/ Commando Force နဲ့ DGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...