Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်သား၊ ပျူစောထီးများ ဝင်ရောက်လာ ပြီး မင်္ဂလာပွဲဖျက်ဆီး၍ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးကာ နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်းဌာန

နိုဝင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ် သား၊ ပျူများက ဝင်ရောက်လာပြီး မင်္ဂလာပွဲကို ဖျက်ဆီး၍ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးကာ နေအိမ် ၁၀ လုံးထက်မနည်းကို မီး ရှို့ဖျက်ဆီးသွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

နိုဝင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဇီးဖြူကုန်းရွာပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်ကာ အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း၊ ထို့နောက် မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“နှမစားရစ်ရွာက ဇီးဖြူကုန်းပျူစခန်းနဲ့ဆိုရင် ၁ မိုင်ကျောက်ပဲဝေးတာ၊ နှမစာရစ်ရွာသား အောင်သာ ခိုင်က ဇီးဖြူကုန်းစခန်းမှာနေပြီး ပျူခေါင်းဆောင်လုပ်နေတာ၊ နှမစားရစ်ရွာကို မကြာခဏလာတယ်။ အဲဒါမင်္ဂလာဆောင်ပွဲကျင်းပနေတုန်း စခတွေ၊ ပခတွေခေါ်ပြီးဝင်လာတာ၊ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုလည်း ယူသွားတယ်၊ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀ ဦးကို လည်းဖမ်းသွားတယ်၊ နေအိမ်တွေလည်း မီးရှို့သွားတာ၊ ၁၀ လုံးကျော်ရှိတယ်” ဟု ဒေသနေပြည် သူတစ်ဦးက ပြောကြားသည်။

 

ဇီးဖြူကုန်းပျူစောထီးစခန်း၌ နေထိုင်သူ နှမစားရစ်ရွာသား ပျူစောထီးခေါင်းဆောင် အောင်သာ ခိုင် သည် ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ဆောင်နေပြီး ယခု ဖမ်းဆီး သွားသော ပြည်သူ ၁၀ ဦးကိုလည်း ရိုက်နှက်နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

နှမစားရစ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်သားများ မီးရှို့မှု ကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ ယခုနှစ်တွင် ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်နေထိုင်ကြခြင်ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...