Sagaing News

Sagaing News

မုံရွာစီးပွားရေးတက္ကသိုလ်မှ ထွက်လာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်းဌာန

နိုဝင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ထွက်လာသောအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ချောင်းဦး PDF က ပြော ပါတယ်။

 

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းအတွင်းကနေ သံ ပြားကာကား ၄ စီး၊ ဖော ကား ၁ စီး နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ ကျော်ပါ စစ်ကြောင်း ဟာ ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာတွေက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဓားစာ ခံ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲလို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းနဲ့ ညနေ ပိုင်း မှာ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ ကနေ Drone နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးထက်နည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“စခ ၃ ဦးသေတယ်၊ ထိခိုက်မှုတွေများတယ်။ အဲနေ့ကပဲ သံပြာကာကား ၁ ဦးနဲ့ ခေါ်သွားသေးတယ်။ အဲတာက ကျွန်တော်တို့ မျက်မြင်မဟုတ်တဲ့ အတွင်း မျက်မြင်တွေ့ခဲ့တာကိုပဲ အတည်ပြုထုတ်ပြန် တာပေါ့။ နေအိမ် ၂ လုံးကို စခတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၂၀ လောက်ဖမ်းဆီးခံရ တယ်။ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ လက်နက်နဲ့ ဖမ်းမိတယ်ဆိုတဲ့ ၄ ဦးက ပြည်သူတွေပါ။ အဲဒီ ၄ ဦးကို အခုထိ ပြန်မလွှတ်ဘူး။ ကျန်တဲ့သူတွေ ပြန်လွတ်တယ်လို့တော့ကြားတယ်။ အဲ ၄ ဦးကို စီးပွား ရေး တက္ကသိုလ် ကျောင်းဝင်းထဲ ခေါ်သွားတယ်လို့ သိရတယ်။” ဟု ချောင်းဦး PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

 

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခံထားသူတွေဟာ ဘန်စီကျေးရွာနေ ကိုငြိမ်း၊ ကိုဝေလင်းသူ၊ မုံရွေး ကျေးရွာက ကိုဝင်းဇော်နဲ့ မချောစုတို့ဖြစ်ပြီး ၎င်းတို့ကို PDF တပ်ဖွဲ့တွေအဖြစ် စစ်တပ်က လော်ဘီ ချန်တယ်တွေက ထုတ်ပြန်ထားပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို special force 11 အဖွဲ့က scout drone ဖြင့် ကင်းထောက်ကူညီပေးပြီး ဒိတ် ဒိတ် ကြဲ အဖွဲ့ နှင့် မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်များက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်တွေ ကာကာကင်းတာဝန်ယူပေးကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

မိဘပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းထိုးလာတဲ့အခါ ကြိုတင်ရှောင်ရှားနေထိုင်ကြဖို့လိုအပ် တယ်လို့ချောင်းဦး PDF တပ်ဖွဲ့က ပြောပါတယ်။

သံလွင်မြန်မာသတင်းဌာန

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ စက်တင်ဘာလ ၁၁ ရက် နံနက်...