Sagaing News

Sagaing News

ချောင်းဦး မြို့ အထွက် မုံရွာ-မန္တလေးမကြီးပေါ်တွင်မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၂၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အထွက် မုံရွာ -မန္တလေးလမ်းမကြီးပေါ် မိုင်းရှင်း ဖို့ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာလ ၂၁ ရက် မနက် ၈ နာရီ ၁၀ မိနစ်အချိန် ချောင်းဦးမြို့ထဲကနေ Canda ကားနဲ့ မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၁၀ ယောက်ကို ချောင်းဦးမြို့ အထွက် မုံရွာ-မန္တလေးလမ်းမပေါ် တနေရာအရောက် စစ်သားတွေကားပေါ်က ဆင်းနေတုန်း ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်တဲ့အချိန် စစ်သား ၄ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

 

သေဆုံးစစ်သား ၄ ယောက်ကိုတော့ ခရီးသည်တင် Express ကားနဲ့ နတ်ရေကန်ဘက်ကို သယ်ဆောင်သွားသလို ဒဏ်ရာရ စစ်သားတွေကိုလည်း ချောင်းဦးမြို့နဲ့ မုံရွာမြို့ဆေးရုံတွေကို ပို့‌ ဆောင်လိုက်တယ်လို့ Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

“ပုံမှန်လမ်းမပေါ်တက်ပြီး မိုင်းရှင်းတဲ့ စခတွေပါ၊ ပုံမှန်က သံပြားကာနဲ့ထွက်နေကြ။ သံပြားကာ ကား ကလက်ရှိ မုံရွာထဲကို ထွက်သွားလို့ Canda ကားနဲ့ထွက်လာတာ၊ ၄ ယောက်သေတယ်လို့ သတင်းရ ထားတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေကို ချောင်းဦးဆေးရုံနဲ့ မုံရွာ ဆေးရုံကို ခွဲသယ်သွားတာ၊ တိုက်ခိုက်ခဲ့တာက ချောင်းဦးမြို့အထွက်မှာပဲ ဆိုတော့ သူတို့စိုးမိုးနယ်မြေ နဲ့ကပ်လျက်ပဲ။” ဟု Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ ၄ ရဲဘော်တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း - မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက...