Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇွန်လ ၃၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် ဒရုန်းတပ်ရင်း-SDDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှ ၆ နာရီ ၃၀ မိနစ်အချိန်အထိ စစ်ကိုင်းမြို့နယ်၊ ဆား တောင်မြို့မရဲစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1.5 kg AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ GTR အမှတ် ၂ တပ်ရင်း နှင့် Phoenix SGG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...