Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာကို လေယာဉ်ဖြင့် လာချသည့် ရိက္ခာထုတ်အချို့ကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာကို လေယာဉ်ဖြင့် လာချပေးသည့် ရိက္ခထုပ်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ပုံတောင် Tiger PDF တပ်ဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေ တပ်မှ Y-8 လေယာဉ်ဖြင့် စားနပ်ရိက္ခာပြတ်လပ်နေသော ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာကို ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/s6srZp0KiOE

“ကျွန်တော်တို့ လေယာဉ်ပေါ်က လာချပေးတာကို ထိုင်ကြည့်ပြီး ရေတွက်နေတာကိုက အထုတ် ၉၆ထုတ်ချသွားတာ ၆ ခေါက်လောက် ရွာပေါ်ပတ်ဝဲပြီး ချသွားတာ အထုပတ်တွေထဲကတော့ ဘာ တွေ ပါလလည်းတော့မသိရဘူး။ ရိက္ခာနဲ့ လက်နက်ကျည်ဆံ တွေဖြစ်မယ်လို့ တော့ထင်တယ်။ ဒီပစ္စည်းတွေကလွဲပြီး သူတို့ဘက်က ချပေးစရာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြား သည်။

 

ထိုသို့ လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သည့် ရိက္ခာထုပ်အချို့ကို ပုံတောင် Tiger PDF နှင့် Eagle Wings Drone Force တို့ပူးပေါင်းကာ ကင်းထောက်ဒရုန်းဖြင့် ထောက်လှမ်း၍ သွားရောက်ရှာဖွေခဲ့ရာ ရိက္ခာထုပ်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုသို့ ကင်းထောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ် သားများ၏ Jammer ကြောင့် Mavic 3 Pro တစ်စီးပျက်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူများသည် ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်များတွင် လက်နက်အားကိုးဖြင့် စစ်ကြောင်းထိုးကာ အနီအနား ကျေးရွာများရှိ စားနပ်ရိက္ခာများ အဖိုးတန် ရွှေ နှင့် ငွေကြေးများကို လုယူမှုများ လုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် မြေပြင်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိရာ အကျအဆုံးများ စွာဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်နေသောကြောင့် လေယာဉ်ဖြင့် ရိက္ခာပို့ဆောင်ရသည့်အထိ ဖြစ်ပွားနေ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...