သံလွင်မြန်မာသတင်း
ဩဂုတ်လ ၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ ဂွေးပင်တောစခန်းမှ ကင်းပုန်းဝပ်ရန် ထွက် လာသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ ဂိတ် စခန်းမှ စစ်သား ၅ ဦးသည် မုံရွာ -မန္တလေးလမ်းမကြီးဘေးတနေရာ၌ ကင်းပုန်းဝပ်ရန် ခြေလျင်ထွက် ခွာလာစဉ် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအနီးရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အ သင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ကျန်စစ်သား ၄ ဦးမှာ ဆင်နှစ်ကောင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။
“ကင်းပုန်းဝပ်ဖို့ ခြေလျင်ထွက်လာတာပါ။ တိုက်ခိုက်ခဲ့တဲ့ နေရာက ဂိတ်နဲ့တော့ နည်းနည်းဝေးတယ်၊ လက်နက်တော့မကောက်ခဲ့ရဘူး။ ခွေးဂိတ်နဲ့ ဘုန်းကြီးကျောင်းနဲ့က မီတာ ၂၀၀ လောက်ပဲ ဝေးတာ ဆိုတော့ မကောက်ခဲ့ရဘူး။ စခ ၄ ဦးကတော့ ပြေးနေတာ မှုန်နေတာပဲ၊ ကျနော်တို့တပ်ရင်းကို မိဘ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဉ်တန်း များနှင့် တွေ့ပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရောက်သည့် နေရာ၌ ရပ်တန့်၍ တိမ်းရှောင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media