သံလွင်မြန်မာသတင်း
ဩဂုတ်လ ၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army-(B.H.A) တပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ချင်းတွင်းမြစ်ကြောင်း တနေ ရာတွင် မြစ်ကြောင်းအတိုင်း ဆန်တက်နေသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီး ၊ တွဲ တွန်းသင်္ဘော ၁၀ စီးပါ ရေယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၃ လုံးပွိုင့် တစ်ပွိုင့်ဖြင့် ပထမဦးစွာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ်ပါ စစ်ကောင်စီတပ်သားများ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group (CFG) တပ်ဖွဲ့နှင့် Brave Heart Army-(B.H.A) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အချင်းချင်းဖေးမကူညီပေးကြပါရန်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် စကားအသုံးအနှုန်းများ ပြောဆိုခြင်းမပြုကြပါ ရန်နှင့် အာဏာရှင် စစ်အုပ်စု အမြစ်ဖြတ်ပြတ်သည်အထိ အတူတူတကွ တိုက်ပွဲဝင်ကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ကြပါရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media