Sagaing News

Sagaing News

မုံရွာ -မန္တလးလမ်းပေါ်ရှိ မြောင်လမ်းခွဲနှင့် နုံးတွင်းရွာဂိတ် ၂ ခု ကို ဗုံးကြဲတိုက် ခိုက်မှုစစ်သား ၆ ဦးသေဆုံး (ရုပ်သံ)

 

D Day News
မတ်လ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ မြောင်းလမ်းခွဲနှင့် နုံးတွင်းရွာ အကြမ်းဖက်စစ်တပ် ဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU ထံမှ သိရသည်။

 

မတ်လ ၂၇ ရက်နေ့က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပေါ် မြောင်လမ်းခွဲနှင့် Max ဆီဆိုင်တို့၌ အထိုင်ချတပ်စွဲ ထားပြီး ခရီးသွားပြည်သူများအပေါ် ငွေညှစ်ဆတ်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီး အလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ကားလမ်း ဘက်ရှိ ဘန်ကာတစ်လုံးလည်း ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။

 

https://youtu.be/t5A2KZP9MD8

အလားတူ မတ်လ ၂၈ နေ့တွင် စစ်ကိုင်းမြို့နယ်၊ နုံးတွင်းကျေးရွာ၌ တပ်စွဲ၍ မုံရွာ- မန်းလေး လမ်းကို အသုံးပြုပြီးသွားလာနေသော ခရီးသွားပြည်သူများအပေါ် ငွေညှစ်ဆတ်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့်ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို  မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defence Force-MMU၊ စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်း တပ်ခွဲ (၂)၊ Ghost Team Ranger Myinmu ၊မြင်းမူ ပလဖ၊ Myinmu Defence Force နှင့် မြင်းခြံခရိုင် အမှတ် (၆) တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း ပေါင်း တည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -...