SAC News

SAC News

MNDAA ၊ TNLA ၊ AA အပါ အဝင် တိုင်းရင်းသားတွေ အားလုံး လက်နက်စွန့်လွှတ်ကြရန် လက်နက် အားကိုးနဲ့ မတရားအာဏာလုယူခဲ့တဲ့ စစ်ရှုံးအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင် ပြော

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၅

 

MNDAA ၊ TNLA ၊ AA အပါအဝင် တိုင်းရင်းသားတွေအားလုံး လက်နက် စွန့်လွှတ်ကြဖို့ လက်နက် အားကိုးနဲ့ မတရားအာဏာသိမ်းခဲ့တဲ့ စစ်ရှုံးအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။

 

ဒီနေ့ ကျရောက်တဲ့ နှစ် ၅၀ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာထုတ်ပြန်ရာမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ MNDAA, TNLA, AA တို့ကြောင့် ပြည်သူတွေရဲ့ လူမှု စီးပွား အခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြကာ လွဲမှားသော အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာဖြစ်တယ်လို့ နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးနေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိကာလမှာ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိတာကို အခွင့် ကောင်းယူကာ အင်အားကြီးနိုင်ငံတချို့ကနေ ဩဇာလွှမ်းမိုး ချုပ်ကိုင်လိုတဲ့အတွက် ပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေတာကို မြင်တွေ့ရတယ်လို့  သူက ဆက်ပြောပါတယ်။

 

ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးကို အကြောင်းပြကာ လွဲမှားတဲ့ အယူအဆတွေနဲ့ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ လက်နက်အားကိုးနဲ့ ပြည်သူလူထုရွေးချယ် ထားတဲ့အစိုးရကို ဖြုတ်ချ အာဏာလုယူခဲ့တဲ့မင်းအောင်လှိုင်က ပြစ်တင်ထားပါတယ်။

 

MNDAA ၊ TNLA နဲ့ AA တို့ အနေနဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည် ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ထက် တသီးတခြားရပ်တည် လိုစိတ်ကိုသာ ရှေ့တန်း တင် လာတာကို တွေ့ရှိရတယ်လို့လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောထားပါ သေးတယ်။

 

လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့ မရဘဲ နိုင်ငံရေးစားပွဲ၀ိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်တဲ့ အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး လုပ်ဆောင်ကြပါလို့ လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က ပြောပါတယ်။

 

ဒါ့အပြင် အောင်မြင်မှုမရှိတဲ့ အပြင် စစ်တပ်ကိုယ်တိုင်က အာဏာသိမ်းကာဖျက်ဆီးထားတဲ့ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့လည်း သူက ဆက်ပြောပါသေးတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...