SAC News

SAC News

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတ၊ နစက ဥက္ကဌ၊ ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို အပြောင်းအလဲမရှိ ဆက်လက်တာဝန်ယူမည်ဟု အကြမ်းဖက် စစ်တပ် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်း ပြောဆို

 

D Day News

ဇူလိုင်လ ၂၃

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် လက်ရှိလုပ်ဆောင်နေမြဲအတိုင်း ယာယီသမ္မတ၊ နစက ဥက္ကဌ၊ ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို အပြောင်းအလဲမရှိ ဆက်လက် တာဝန်ယူမည်ဟု အကြမ်းဖက် စစ်တပ် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်း ပြောဆို သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့က ယာယီသမ္မတတာဝန်ဝတ္တရားများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က သိမ်းပိုက်ရယူမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်းထည့် သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အ နေနဲ့ ယာယီသမ္မတအဖြစ်ဆောင်ရွက်မှာလား၊ နစက ဥက္ကဌ အဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေး ခွန်း နဲ့ ပတ်သက်ပြီးပြောရရင် မနေ့က ကျနော်တို့ ထုတ်ပြန် ထားတဲ့ထုတ်ပြန်ချက်ထဲမှာ လည်း ပါပြီးဖြစ်ပါ တယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ဆိုင်ရာ ကိစ္စများအလိုငှာ ယာယီ သမ္မတ တာဝန် ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ထံလွှဲပြောင်းအပ်နှံတာ ဝန်ထမ်းဆောင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအနေဖြင့် ဖော်ပြ ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ၊ ဦး တည်ချက် ၉ ရပ် တို့ အတိုင်း မပြောင်းမလဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။” ဟု ဇော်မဲလုံးက ပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်ဥက္ကဌအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ အရ လွှတ်တော်မရှိတော့ သဖြင့် ထပ်မံရွေးချယ်တင်မြှောက်ခံရမည့် လွှတ်တော်ဥက္ကဌ အပြောင်းအလဲလုပ်ရန်အတွက်သာ ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 

“အဲဒီမှာတစ်ခုရှိတာက ကျနော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌကို ဘာကြောင့် ဦးဆောင်မှုမပြုရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဌပဲ ရှိပြီး လွှတ် တော်ကြီး မရှိတော့ဘူး၊ လွှတ်တော်ဥက္ကဌဆက်လက်ရှိနေတာကလည်း ပုဒ်မ ၄၂၄ အရ လွှတ် တော် ဥက္ကဌအသစ်များရွေးကောက်တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်း ဖြစ်လို့ဖြစ်ပါတယ်၊” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်ပါကူညီမည့်သူများစာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်နေပါက အရေးယူသွားမည်ဟုဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့...