သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၀
မိဘပြည်သူလူထုကို သတ်ဖြတ်ရာတွင် အသုံးပြုသည့် စစ်လက်နက်ပစ္စည်းများ ပြည့်မှီစေရေး အတွက် စစ်တပ်လက်အောက်ခံ ကပစ စက်ရုံများရှိ စစ်သည်၊ အရပ်သားစက်ရုံဝန်ထမ်းများကို နေ့ဆိုင်း၊ ညဆိုင်း၊ Overtime များဆင်းခိုင်းကာ ထုတ်လုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံက သိရသည်။
အကြမ်းဖက်စစ်တပ်လက်အောက်၌ တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုစက်ရုံ – ကစပ နှင့် တကစ စက်ရုံဟူ၍ ၂ မျိုးရှိပြီး ကပစ စက်ရုံများတွင် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ကာ တကစ စက်ရုံများမှာ မော်တော်ယာဉ်များကို အဓိက ထုတ်လုပ်ကြောင်း သိရသည်။
ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိဘပြည်သူလူထုကို သတ်ဖြတ်နိုင်ရန် ကပစ စက်ရုံ ၂၄ ရုံမှာ စစ်သား၊ အရပ်သားအမျိုးသမီး ဝန်ထမ်းများဖြင့် ၂၄ နာရီ စဉ်ဆက်မပြတ်လည်ပတ်ကာ စစ် လက်နက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိပြီး ကပစ ၂၅ တစ်ခုသည် လုပ်ငန်းလည်ပတ်ခြင်းမရှိကြောင်း သိရသည်။
ကပစ စက်ရုံ များ၏ ထုတ်လုပ်မှု သဘောသဘာဝအရ Daily Plan, Monthly Plan, Year Plan များချမှတ်ကာ နေ့စဉ် ထုတ်လုပ်မှုအရေအတွက်ပြည့်မှီစေရေးအတွက် စက်ရုံမှူး၊ ဌာနမှူး၊ အလုပ်ရုံ မှူး တို့မှ အဆင့်ဆင့် ကြပ်မတ်ကွပ်ကဲကာ စစ်လက်နက်ပစ္စည်းများ ပြည့်မှီစေရေးကို နေ့ဆိုင်း၊ ညဆိုင်း၊ Overtime များဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ စစ်ကောင်စီသည် နိုင်ငံတကာမှ အမှီအခိုကင်းကင်းနှင့် စစ်လက်နက်များ ထုတ်လုပ်ရန် ရည် ရွယ်ချက်ဖြင့် ကပစ စက်ရုံ ၂၅ရုံကို နှစ်ရှည် စီမံကိန်းရေးဆွဲ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို ကဲ့သို့ ကြိုးစား၍ ထုတ်လုပ်မှု လုပ်ငန်းများလုပ်ဆောင်ရသော်လည်း ကပစ စက်ရုံ စစ်သားဝန် ထမ်း များ၏ အကျိုးခံစားခွင့်မှာ ပုံမှန်ပင်ဖြစ်ကြောင်း သိရသည်။
ကပစ စက်ရုံများသည် ထုတ်လုပ်မှု လုပ်ငန်းများကို Lot, Batch များသတ်မှတ်ကာ 1 Lot တွင် 100 to 10000 အထိ ခဲယမ်းအမျိုးအစားအလိုက် သတ်မှတ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထုတ်လုပ်ပြီး ခဲယမ်းများကို စစ်ဆေးမှု အဆင့်ဆင့် ပြီးဆုံးပါက Wodden Box များနှင့် Packing ပြု လုပ်ပြီး ကပစများရှိ ခဲယမ်းတိုက်များတွင် ယာယီ သိုလှောင်ထားကာ ယင်းမှတဆင့် ပင်မခဲယမ်း မီးကျောက် သိုလှောင်ရေး တပ်များသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရသည်။
ယခင်က ခြေလျင် ခြေမြန်တပ်၊ လေတပ်၊ ရေတပ်များသည် ခဲယမ်းလိုအပ်ချက်ရှိပါက ပင်မခဲယမ်း မီးကျောက်သိုလှောင်ရေး တပ်များထံမှ ထုတ်ယူလေ့ ရှိသော်လည်း ယခုအခါ ခြေလျင်တပ်များ၊ လေ တပ်များသည် ကပစစက်ရုံများ၌ တိုက်ရိုက်လက်နက်ထုတ်ယူမှုများရှိလာကြောင်း သိရသည်။
ကပစ တပ်တိုင်းတွင် ရဟတ်ယာဉ်ကွင်းများတည်ရှိပြီး ရဟတ်ယာဉ်နှင့် လာရောက်ထုတ်ယူမှုများ လည်းရှိသလို မော်တော်ယာဉ်တန်းများဖြင့် လာရောက်ထုတ်ယူမှုများလည်း ရှိကြောင်း သိရသည်။
ထို့အပြင် ကပစ တပ်များတွင် ယခင်က ဝယ်ယူထားသော နိုင်ငံခြားမှ လက်နက်များကိုလည်း လာ ရောက် ပြင်ဆင်မှုများ ပြုလုပ်သည့် လုပ်ငန်းစဉ်များလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကပစ စက်ရုံ ၂၅ ရုံတွင် စစ်လက်နက်ထုတ်လုပ်သောစက်ရုံ ၁၇ ရုံရှိပြီး၊ သံရည်ကြိုစက်ရုံ ၁ ရုံ၊အလူမီ နီယမ်စက်ရုံ ၁ ရုံ၊ ယမ်းချက်စက်ရုံ ၃ ရုံ၊ စက်ဘက်သုံးမှန်ဘီလူးစက်ရုံ ၁ ရုံ၊လုပ်ငန်းခွင်သုံး Toolings၊ တိုင်းတာရေး Geauges များ ၊ Drilling၊Fixtures များထုတ်လုပ်သော စက်ရုံ ၂ ရုံ ရှိ ကြောင်း သိရ သည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ စက်ရုံများမှာ –
ကပစ(၁) တပ်ကုန်း
MA1, MA2, MA Series ချေမှုန်းရေးရိုင်ဖယ်သေနတ်များ
ကပစ(၂) မလွန်
Small Arm ကျည်ဆန်များ၊ စိန်ပြောင်းများ၊ RPG ပခုံးထမ်း ဗုံးပစ်လောင်ချာများ
ကပစ(၃) ဆင်တဲ
မော်တာဗုံးသီးများ၊ လေတပ်သုံးဗုံးသီးများ၊ Drop ဗုံးများ ၊RPG,TBG ဗုံးသီးများ။
ကပစ(၄) တပ်ကုန်း
ပုံစံထုတ်ဌာနနှင့် စက်ပြင်ဌာန၊Toolings ထုတ်စက်ရုံ။
ကပစ(၅) ကမြိုင်
ယမ်းချက်စက်ရုံ
ကပစ (၆) ညောင်ခြေထောက်
သံရည်ကြိုစက်ရုံ
ကပစ(၇) ကျော်စွာ
မိုင်းအမျိုးမျိုးနှင့် လက်ပစ်ဗုံးစက်ရုံ။
ကပစ(၈) ဆင်ပေါင်ဝဲ
မော်တာပြောင်းများ၊ လက်နက်ကြီး စိန်ပြောင်းစက်ရုံ။
ကပစ(၉) ကျောက်ဖူး
လက်နက်ငယ်ကျည်မျိုးစုံစက်ရုံ
ကပစ(၁၀) အထက်မင်းလှ
57mm Air to Ground Rocket,122mm,240mm Ground to Ground (အတွဲလိုက်ပစ်ခတ်နိုင်သော ယာဉ်တင်ဒုံးစနစ်များ)
ကပစ(၁၁) တိုက်ကြီး
MA Series လက်နက်ငယ်များ။
ကပစ(၁၂) အောင်လံ။
60,80,120 မော်တာဗုံးသီးများ။
ကပစ(၁၃) ပိတောက်ကန်
အစပျိုးယမ်းများ၊ Detonator စက်ရုံ။
ကပစ(၁၄) ငဖဲ
လေကြောင်းရန်ကာကွယ်ရေး Ingla ပခုံးထမ်းလေယာဉ်ပစ်လက်နက်ထုတ် စက်ရုံ။
ကပစ(၁၅) သရက်။
၁၂၀၊ ၁၂၂ မော်တာဗုံးသီးများ။
ကပစ(၁၆) မသုန်။
Explosive ယမ်းချက်စက်ရုံ။
ကပစ(၁၇) အောင်လံ
AZDM Fuse, မော်တာဗုံးသီး ထိပ်ဖူးများ။
ကပစ(၁၈) တောင်တွင်းကြီး။
စစ်သုံး မှန်ဘီလူးစက်ရုံ။
ကပစ(၁၉) ပေါက်ခေါင်း။
စက်ရုံ လုပ်ငန်းသုံး, Toolings,Drill,Gauge,Fixture စက်ရုံ။
ကပစ(၂၀) စေတုတ္တရာ
လေကြောင်းရန်ကာကွယ်ရေး (Anti Aircraft Cannon 25/30mm)စက်ရုံ။
ကပစ(၂၁) ကန်ဇွန်းမ။
လေတပ်သုံး ပေါင် ၁၀၀,၂၀၀,၃၀၀.၅၀၀ ထုတ်လုပ်ရေးစက်ရုံ။
ကပစ(၂၂) ရွှေပို့ကျွန်း။
Mark 1, Mar2,3,4 အထူးတပ်ဖွဲ့သုံး ချေမှုန်းရေး ရိုင်ဖယ်များ၊အကြမ်းဖက်ဖြိုခွင်းရေး လက်နက်ထုတ် စက်ရုံ။
ကပစ(၂၃) ကျော။
ရေယာဉ်သုံး တာဝေးပစ် Rocket စက်ရုံ။
ကပစ(၂၄) ပေါက်
Aluminum အရည်ကြိုစက်ရုံ။
ကပစ(၂၅) လောင်းရှည်
ရေတပ်သုံး စစ်လက်နက်များထုတ်လုပ်ရန် ရည်ရွယ်ထားသော စက်ရုံ တို့ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media