စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားသူများကို လူသားဟုပင်သဘောမထားပဲ တန်ဖိုးမဲ ကျွန်များအဖြစ်သဘောထားကာ အသေခံစစ်တိုက်ခိုင်းနေ

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားသူများကို လူသားဟုပင်သဘောမထားပဲ တန်ဖိုးမဲ ကျွန်များအဖြစ်သဘောထားကာ အသေခံစစ်တိုက်ခိုင်းနေ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၅

အကြမ်းဖက်စစ်ကောင်စီက အဓမ္မစစ်သား စုဆောင်းထားသူများကို လူသားဟုပင် သဘောမထားပဲ တန်ဖိုးမဲ့ ကျွန်များအဖြစ် သဘောထားကာ အသေခံ စစ်တိုက်ခိုင်းနေကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပြောဆိုထားသည်။

စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်(ခ) စစ်ကောင်စီက ၎င်းတို့၏ အင်အားဖြည့်တင်းရန် အတွက် အပြစ်မဲ့ အရပ်သား ပြည်သူများကို အတင်းအဓမ္မ လူသစ်စုဆောင်းကာ စစ်မှုထမ်းစေလျက် ရှိ ကြောင်း၊ ထိုကြောင့် ရှေ့တန်းစစ်မျက်နှာများတွင် လူသစ်စုဆောင်းခံရသည့် တပ်သားသစ်များ အများအပြား အသက်ပေးရလျက်ရှိကြောင်း သိရသည်။

အဓမ္မစစ်သားစုဆောင်းထားသူများကို စစ်ကောင်စီတပ်သားများက စတင်စုဆောင်းချိန်မှစ၍ နှိပ် စက်မှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုများကို လုပ်ဆေင်လျက်ရှိပြီး ၎င်းတို့ အာဏာအတွက်၊ ၎င်းတို့ အသက်ဆိုးရှည်ရေးအတွက် အလိုမတူ စစ်သားစုဆောင်းခံရသူများကို အသေခံ အတင်း စစ် တိုက် ခိုင်းလျက်ရှိကြောင်း အသိပေးထားသည်။

ထိုလုပ်ရပ်များသည် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်ကိုင်တုတ်များက အလိုမတူစစ်သား စုဆောင်း ထားသူများကို လူသားဟုပင် သဘောမထားပဲ ၎င်းတို့၏ ထားရာနေ စေရာသွား တန်ဖိုးမဲ့ ကျွန်များ အဖြစ် သတ်မှတ်ကာ စတေးခံနေစေခြင်းဖြစ်သည်ဟု ဆိုသည်။

ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင်လည်း စစ်ကြောင်းမှူး/တပ်ရင်းမှူးများက အပြစ်မဲ့ ပြည်သူများ၏ နေအိမ်၊ အိုးအိမ်၊ စည်းစိမ်များကို ၎င်းတို့ကိုယ်တိုင်စိတ်လိုလက်ရ မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်း ခိုးယူခြင်းများကို အညှာတာမဲ့စွာ ဆောင်ရွက်သကဲ့သို့၊ ၎င်းတို့လက်အောက်ရှိ တပ်သား များ ၏ အကြမ်းဖက်မှုများကိုလည်း လစ်လျူရှုရုံတင်မက အားပေးအားမြောက် ပြုလျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ လူသားမဆန်သည့် ဆိုးယုတ်မှုများကို စက်ဆုပ်သည့် တပ်သားများသည် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ရှိ တပ်သားများအနေဖြင့် စစ်အာဏာရှင်၏ အတင်းအဓမ္မစေခိုင်းသည့် ဆိုးယုတ်​သော လုပ်ရပ်များကြောင့် မိမိတို့၏ ဘဝနှင့် မိမိတို့၏ မျိုးဆက်အတွက် နိုင်ငံဖျက်ဆီးသူများအဖြစ် အမည်တွင်ကျန်ခြင်းမရှိစေရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး အလင်းဝင်ရောက်ကာ မိမိတို့၏ စစ်သားဂုဏ်၊ လူ့ဂုဏ်သိက္ခာကို အဖတ်ဆယ် ကြရန် ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းက တိုက်တွန်းထားသည်။

စစ်အာဏာရှင်အလိုကျ အကြမ်းဖက်နေရသည့် တပ်သားများအ​နေဖြင့် မိမိတို့၏ဆိုးပြစ်များကို ကိုယ် တိုင်ပြန်လည် သုံးသပ်မိစေရန်နှင့် တော်လှန်ရေးတပ်များသည် ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက် လာသူများကို အမြဲကြိုဆိုလျက်ရှိပြီး လူသားကို လူသားကဲ့သို့ ဆက်ဆံပြုမူလျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...