သံလွင်မြန်မာသတင်း
ဩဂုတ်လ ၇
အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား အာဏာသိမ်းရာတွင် ပူးပေါင်းပါဝင် ကူညီ ပေးခဲ့သူ ဒုတိယသမ္မတ (၁) ဖြစ်သူ မြင့်ဆွေမှာ တကယ်သေသွားပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် တပ်မတော် ဆေးရုံကြီး၊ ကုတင် ၁၀၀၀ ၌ သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသူမြင့်ဆွေ၏ ဇာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာ အာ ဟာရ စားသုံးနိုင်မှု နည်း ပါး လာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင် ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ် ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်မှ စတင်၍ နေအိမ်၌ ဆေးခွင့်ဖြင့် အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစား နိုင်ခြင်း၊ အ ဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင် လ ၂၄ ရက်နေ့ အ မှတ် ၂ စစ် ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။
မြင့်ဆွေသည် လက်ရှိ အသက် ၇၄ နှစ်ရှိနေပြီဖြစ်ပြီး စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်အာဏာရှင် သန်းရွှေ၏ လူ ယုံ တစ်ဦးလည်းဖြစ်သည်။
မြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက် နေ့ မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ လက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတတစ်ဦးဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် မြင့်ဆွေမှာ မင်းအောင်လှိုင်၏ ရုပ်သေး ရုပ် ယာယီသမ္မတဖြစ်လာခဲ့ပြီး မင်းအောင်လှိုင် မတရားအာဏာ သိမ်း ယူနိုင်ရေးတွင်ပူးပေါင်းကူညီခဲ့သူများမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ် စိုးထွဋ်၊ ဗိုလ်ချုပ် မိုးမြင့် ထွန်း၊ ဗိုလ်ချုပ်စိန်ဝင်းဣှင့် ဗိုလ်ချုပ်ရဲအောင်တို့ဖြစ်ကြသည်။
မင်းအောင်လှိုင်မတရားအာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ ကျန်ရှိနေသူများမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့သာကျန်ရှိတော့ပြီး ကျန်သူများမှာ ဖြတ်ထုတ်သတ် ရာတွင် ပါဝင်သွားကြပြီဖြစ်သည်။
Thanlwin Myanmar Media