SAC News

SAC News

သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို စစ်ကောင်စီ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းယူထားပြီး ပြည်သူများကို နေ့စဉ် သတ်ဖြတ် ပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့်များဖြင့် တိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ် ကောင်စီက သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

 

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် “ရွေးကောက်ပွဲများကို နှောက်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” တွင် အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ပြီး အမြင့်ဆုံးမှာ “သေဒဏ် အထိဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေတွင် ပုဒ်မပေါင်း ၃၂ ခု ပါဝင်ပြီး ပုဒ်မ ၂၇ တွင် ရွေးကောက်ပွဲနှင့်ဆက်စပ်၍ “တစ်ဦးတစ် ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်” ဟု ဖော်ပြထားသည်။

 

ယင်းဥပဒေသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲတွင် ပါဝင်လုပ်ကိုင်သူများကို ကာကွယ်ရန် ရည်ရွယ်သည်ဟုဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု Operation Flame အဖွဲ့ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Operation Flame အဖွဲ့ကထုတ်ပြန်သည်။  ...