စစ်ကောင်စီ၏ အပစ်ရပ်သည်ဟူသော ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး လေ ကြောင်း ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဧပြီလ ၄
စစ်ကောင်စီ၏ အပစ်အခတ်ရပ်သည်ဟူသော ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး လကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့်ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၂ နာရီခန့်က မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သဲ တောကျေးရွာကို အကြမ်းဖက်စစ်တပ်က Paramotor ၃ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၈ လုံးကြဲချ တိုက် ခိုက်ခဲ့ရာ သဲတောကျေးရွာ အရှေ့ဘက် တောင်သာနှင့် ကျောက်ပန်းတောင်းသွားကားလမ်းမ၏ အရှေ့ဘက် ရေကျော် အလယ်တန်းစာသင်ကျောင်းနှင့် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ရွာ အနီး ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့အပြင် ဧပြီ ၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူမြို့ နယ် ၊ ရန်ကုန်- ကျောက်ဖြူ ကား လမ်း တလျောက်ရှိ ကုလာဘာတို့ရွာ၊ ဇိုင်းချောင်းရွာနှင့် သိုင်းချောင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဂျက်ဖိုက်တာ၊ ဒရုန်း ၊ လက်နက်ကြီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၃ ရက် နံနက် ၁၁ နာရီကလည်း ကျောက်ဖြူမြို့နယ် ဒိုးတန်းတောင်ရှိ အကြမ်းဖက် စစ်တပ် ၏ ၃၂ တပ်ရင်းနှင့် အခြား စစ်တပ် အထိုင်ချထားသော နေရာများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ဂုံးချွန်ကျေးရွာ အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီး ၃၀ ကျော်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ၃၅၄ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
Thanlwin Myanmar Media